ဇာတ်ကားများ ရွေးရန်

Dazzling

2026ဇာတ်လမ်းတွဲ

အခုတစ်ခါတော့ မြို့ပြနဲ့နယ်မြို့လေးကြားက လူငယ်ဘဝအလွမ်းအဆွေး Vibe လေးရော၊ နှစ်အတော်ကြာမှ ပြန်ဆုံကြတဲ့ခံစားချက်လေးပါ ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် စာဂျပိုးလေးနဲ့စာကလွဲ အကုန်လုပ်တဲ့သူတို့ကြားက ချစ်စရာကလိကလိလေးတွေကိုပါ ခံစားရစေမဲ့ လူငယ်သဘာဝချစ်ဇာတ်လမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက လူငယ်သဘာဝကိုမှ ပြန်ဆုံစည်းတဲ့ချစ်မေတ္တာအကြောင်းကိုပါ သေချာရိုက်ကူးပြထားမို့ တော်တော်လေး Emotional ဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ကြည့်ရမယ့် ကားကောင်းလေးပါ။ ဒီဇာတ်လမ်းမှာ Rebirth နဲ့ Blossomတို့ရဲ့ Super Star ဖြစ်တဲ့ ကိုကို Li Yun Rui နဲ့ Our Dazzling Days မှာ ချစ်စဖွယ်ကောင်မလေးအဖြစ်ပါဝင်ခဲ့တဲ့ မမလှလှလေး Guan Xiao Tong တို့က ကမ်မီမိမိ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် မင်းသားနဲ့မင်းသမီးကလဲ စိမ်းမနေတော့ ပိုကြည့်ကောင်းမှာအသေချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> အထက်တန်းကျောင်းနောက်ဆုံးနှစ် ရောက်ခါနီးမှာပဲ မိသားစုရဲ့ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုကြောင့် ချင်းယဲ့တစ်ယောက် ဇာတိမြို့ငယ်လေးကို ပြန်လာခဲ့ရပါတယ်။ တစ်ဘဝလုံးနီးပါးကို လူစည်ကားပြီး သာယာဝပြောတဲ့မြို့ကြီးပြကြီးမှာပဲ ဖြတ်သန်းခဲ့ရတာမို့လို့ ချင်းယဲ့အတွက်တော့ ဒီမြို့လေးရဲ့ပတ်ဝန်းကျင်သစ်မှာ အသားကျဖို့က တကယ်ကိုခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်ပဲ အခွင့်အရေးရတာနဲ့ ဒီမြို့ကနေ ချက်ချင်းပြန်ထွက်သွားမယ်လို့ တိတ်တဆိတ်ဆုံးဖြတ်ထားတာပေါ့လေ။ ဒါပေမဲ့ စာသင်ရတာအဆင်မပြေဘဲ ရုန်းကန်နေရတဲ့ရှင်းဝူနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့အစီအစဉ်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ ချင်းယဲ့ဟာ ရှင်းဝူတစ်ယောက် အထက်တန်းကျောင်းပြီးဆုံးပြီး အောင်မြင်စွာဘွဲ့ရနိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝရည်မှန်းချက်တွေရော၊ စရိုက်တွေပါ လုံးဝကွဲပြားခြားနားကြပေမဲ့ အတူတူရှိနေတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ ရှင်းဝူနဲ့ချင်းယဲ့တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ မသိမသာတိုးလာခဲ့ကြပါတယ်။ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ ချင်းယဲ့လည်း တက္ကသိုလ်တက်ဖို့အတွက် မြို့ကြီးဆီကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့ ကံကြမ္မာက သူတို့နှစ်ယောက်လုံးကို ဒီဇာတိမြို့လေးဆီ တစ်ကျော့ပြန်ခေါ်ဆောင်လာခဲ့ပြန်ပါတယ်။ ရှင်းဝူရဲ့ရင်ထဲမှာလဲ ချင်းယဲ့အပေါ်ထားတဲ့ချစ်မေတ္တာတွေက ရှင်သန်နေတုန်းပါပဲ။ ဒီတစ်ခါရရှိလာတဲ့ ဒုတိယအခွင့်အရေးမှာရော သူတို့နှစ်ယောက်ဟာ ရင်ထဲက စစ်မှန်တဲ့ခံစားချက်တွေကို အမိအရဖွင့်ဟဝန်ခံပြီး လက်တွဲသွားနိုင်ကြမလားဆိုတာ ရင်ခုန်စရာစောင့်ကြည့်ရမှာပါ တို့ပြိတ်သတ်ရေ။ Total Episodes : 30 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

30 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း