ဇာတ်ကားများ ရွေးရန်

Cage of Shadows

2026ဇာတ်လမ်းတွဲ

အခုတစ်ခါ သာ့ကျားတို့အတွက် ယူဆောင်လာတဲ့ဇာတ်လမ်းလေးကတော့ Dual Female Lead အသားပေးဇာတ်လမ်းသစ်လေးပါ။ ဒီဇာတ်လမ်းထဲမှာ သခင်နဲ့တပည့်ကြားက သံယောဇဉ်၊ နာကျင်စရာကလဲ့စားချေမှုတွေကိုပါကြည့်ရှုရင်း ဆရာတပည့်ကြားက moment ကလိကလိလေးတွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Liu Mei Han နဲ့ Jinna Fu တို့က အပေးအယူမျှမျှလိုက်ဖက်ညီညီသရုပ်ဆောင်ထားတာမို့ ကြည့်ပျော်တဲ့စီးရီးလေးတစ်ခုဖြစ်မှာ ကျိန်းသေပါပဲ။ ဇာတ်လမ်းအညွှန်း >>> လက်မှုပညာသည်တစ်ဦးရဲ့သမီးဖြစ်သူ နန်ယန်ကျစ်ဟာ မထင်မှတ်ဘဲ မိသားစုလိုက် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကျွမ်းဝူကျိုဆိုသူရဲ့တပည့်အဖြစ် ခံယူခဲ့ပြီး ဘဝရဲ့ရွှံ့နွံတွေထဲမှာရုန်းကန်ရင်း ဘာမှမသိတဲ့မိန်းမငယ်အဆင့်ကနေ သွေးအေးပြတ်သားလှတဲ့အမျိုးသမီးငယ်တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုအတွက် လက်စားချေဖို့တော့ မမေ့ခဲ့ပါဘူး။ သူ့လက်ထဲမှာရှိတဲ့သဲလွန်စအနည်းငယ်နဲ့တင် မိသားစုအတွက် ကလဲ့စားချေဖို့ လင်ယာမျှော်စင်ထဲကို တစ်ကိုယ်တော်စွန့်စားပြီး ဝင်ရောက်စုံစမ်းခဲ့ပါတယ်။ ကောလာဟလတွေအရတော့ အဲဒီမျှော်စင်ထဲကို ဝင်သွားတဲ့သူမှန်သမျှဟာ တိုက်ခိုက်ရေးကွင်းထဲက သားရဲတိရိစ္ဆာန်တွေလိုဖြစ်သွားပြီး ဘယ်သူမှ အသက်ရှင်လျက်ပြန်မထွက်နိုင်ခဲ့ပါဘူး။ နန်ယန်ကျစ်တစ်ယောက်အားကိုးရာမဲ့ပြီး တစ်ယောက်တည်းရုန်းကန်နေရချိန်မှာပဲ လုံးဝမထင်မှတ်ထားတဲ့အမှန်တရားတစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ဆရာဖြစ်သူ ကျွမ်းဝူကျိုဟာ တခြားသူမဟုတ်ဘဲ အသက်သေစေနိုင်တယ်ဆိုတဲ့ လင်ယာမျှော်စင်ရဲ့အရှင်သခင်ကြီးအဖြစ် တစ်ကျော့ပြန်ပေါ်ထွက်လာတဲ့အချက်ပါပဲ။ ဒီဇာတ်လမ်းက တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ Dark Thriller Wuxia ပုံစံမျိုးမို့လို့ ကြည့်ရတာအားရစရာကောင်းမှာပါ။ ကိုယ်အသက်စွန့်ပြီး ဝင်ခဲ့ရတဲ့မျှော်စင်ရဲ့အရှင်သခင်က ကိုယ့်ဆရာသခင်ဖြစ်နေတာကို သိလိုက်ရတဲ့အလှည့်အပြောင်းက ဇာတ်လမ်းကို ပိုကြည့်ကောင်းစေမှာမို့ ကလိကလိဖြစ်ရင်း ဆရာတပည့်ကြားက သွေးပွက်ပွက်အန်စေမဲ့အခြေအနေတွေကိုပါမြင်ရမဲ့ ကားကောင်းလေးပါပဲနော်။ Total Episodes : 23 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

23 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 23 အပိုင်း

ဇာတ်လမ်းအကြောင်း