Never-Ending Summer
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်အိမ်လေးကတော့ လူငယ်ဘဝရဲ့ရုန်းကန်မှုတွေကြားက ဖြာထွက်လာတဲ့ချစ်မေတ္တာလှလှလေးအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်အိမ်လေးပါ။ စီးရီးရဲ့နာမည်လေးအတိုင်းပဲ ရွက်ဟောင်းကြွေပြီးရွက်သစ်တွေမြိုင်တတ်တဲ့ နွေရာသီလိုမျိုး လွမ်းမောပူဆွေးစရာတွေကိုပါ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ မြင်တွေ့ရမဲ့အပြင် အဓိကဇာတ်ဆောင်တွေကလဲ လုံးဝရှယ်ပါပဲ။ Snipper Butterfly မှာ မမရဲ့မောင်လေးနေရာကနေ ကွက်တိကျအောင်သရုပ်ဆောင်ပြသွားတာမို့ အဲလိုကောင်ငယ်လေးမှမရရင် ရည်းစားမထားတော့ဘူးဆိုတဲ့အထိဖြစ်စေခဲ့တဲ့ ကိုကိုကျိုးခယ့်ယွီနဲ့ Generation to Generation မှာ ဇာတ်ကွက်တွေနဲ့အပြိုင်လှပခဲ့တဲ့ မမပေါင်ရှန်းအန်တို့က ပါဝင်ထားပေးကြတာပါ။ ဇာတ်လမ်းအညွှန်း >>> စာတော်ပြီး စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ကျောင်းသူလေး ကျိုးဝမ်ဟာ အသည်းအသန်ဖျားနာနေတဲ့အဘွားကို ကယ်တင်နိုင်မဲ့နည်းလမ်းကို အပူတပြင်းရှာဖွေနေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူဆီကနေတောင် အကူအညီမရခဲ့တဲ့နောက်မှာတော့ ကျိုးဝမ်ဟာ မိခင်ရဲ့လင်ပါသားဖြစ်သူ ဂျစ်လည်းဂျစ် ဆိုးလည်းဆိုးတဲ့လူငယ်လေး လုရှီးရှောင်ဆီကို တမင်ချဉ်းကပ်ခဲ့ပါတော့တယ်။ အဲလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လုရှီးရှောင်ကတစ်ဆင့် အဘွားရဲ့ခွဲစိတ်မှုအတွက် လိုအပ်တဲ့ငွေကြေးကို ရယူဖို့ပါပဲ။ ဒါပေမဲ့ ကျောင်းပြီးသွားတဲ့နွေရာသီကာလအတွင်းမှာတော့ ကျိုးဝမ်နဲ့လုရှီးရှောင်တို့ဟာ မရေရာမှုတွေ၊ ရင်ထဲကအတားအဆီးတွေကို အတူတူဖြတ်သန်းရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက် ဘဝရဲ့အခက်အခဲနဲ့အလှည့်အပြောင်းတွေကိုပါ အပြန်အလှန်ကူညီကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခါးသီးလှတဲ့လူ့လောကရဲ့လက်တွေ့အရှိတရားတွေက ပျိုမျစ်ဆွတ်ပျံ့နေတဲ့အချစ်ခရီးလမ်းလေးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့တဲ့အပြင် ကြီးမားတဲ့အထင်လွဲမှားမှုတွေကြောင့် သူတို့နှစ်ယောက်ဟာ ဝေးကွာသွားခဲ့ရပါတော့တယ်။ (၁၀) နှစ်ကြာပြီးနောက်မှာတော့ အလုပ်ခွင်ထဲမှာ နှစ်ဦးသား မထင်မှတ်ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အတိတ်ကနာကျင်မှုတွေကို ရင်ထဲက ထုတ်မပစ်နိုင်သေးတဲ့လုရှီးရှောင်ဟာ ကျိုးဝမ်ကို အလုပ်ခွင်ထဲမှာအနားမရအောင် အမျိုးမျိုး နှိပ်စက်ခဲ့ပေမဲ့ တကယ်တော့ ကျိုးဝမ်အပေါ်ထားတဲ့ သူ့အချစ်တွေက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူးဆိုတာကို ပြန်လည်သတိပြုမိလာခဲ့ပါတယ်။ အတိတ်က မေ့လျော့နေခဲ့ကြတဲ့ စက်ရုံမတော်တဆမှုတစ်ခုရဲ့နောက်ကွယ်ကအမှန်တရားကို နှစ်ယောက်သား အတူတူပူးပေါင်းဖော်ထုတ်ရင်းနဲ့ပဲ နှလုံးသားနှစ်ခုဟာ တစ်ကျော့ပြန်ဆွဲငင်ခြင်းခံရပြီး ပြန်လည်နီးစပ်သွားခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းက အသည်းကွဲပြီးမှ ပြန်ဆုံတဲ့အမျိုးအစားဖြစ်တဲ့အပြင် ပရိသတ်တွေကို အစပိုင်းမှာ ငိုအောင်လုပ်ပြီးမှ အချိုပြန်ကျွေးမယ့် Melodrama ကောင်းလေးတစ်ခုဖြစ်သလို မြင်ရခဲတဲ့ဇာတ်အိမ်မျိုးလေးမို့ ကြည့်ရှုသူအပေါင်းလည်း နွေအလယ်မှာ လွမ်းနာကျသလို ခံစားရမှာ အသေအချာပါပဲနော်။ Total Episodes : 29 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
29 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း