ဇာတ်ကားများ ရွေးရန်

In Love Forever The Series

2026ဇာတ်လမ်းတွဲ

"ထာဝရချစ်သစ္စာ" "ဟန်ဆောင်ချစ်ပြရရာကနေ တကယ်ပြန်ချစ်မိသွားတဲ့အခါ... ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးတစ်ခုက ဒုတိယအကြိမ် အခွင့်အရေး ပြန်ရနိုင်ပါ့မလား..." ပရိသတ်အချစ်တွေကို တပွေ့တစ်ပိုက် သိမ်းပိုက်ထားတဲ့ first CH3 GL CP Ling-Orm ရဲ့ တတိယမြောက်ဇာတ်လမ်းတွဲ ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆွဲဆောင်မှုရှိပြီး အထက်တန်းကျတဲ့ ရှေ့နေမမနဲ့ Gen-Z သူဌေးသမီးလေးတိုစုံတွဲဟာ မိသားစုရဲ့ ဖိအားတွေကြောင့် လမ်းခွဲပြီး ကွာရှင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သူတို့ကို အလွတ်မပေးသေးပါဘူး။ အရေးကြီးတဲ့ စီးပွားရေးအရောင်းအဝယ် ကိစ္စတစ်ခုကြောင့် သူတိုနှစ်ယောက် မဖြစ်မနေ ပြန်လည်ပေါင်းဖက်ပြီး ပျော်ရွှင်တဲ့စုံတွဲတွေအဖြစ် ဟန်ဆောင်ကြရတဲ့အခါမှာတော့... ဟန်ဆောင်မှုတွေကြားကနေ အတိတ်က အချစ်ဟောင်းတွေ ပြန်လည်နိုးထလာပါတော့တယ်။ တစ်ဖက်မှာလည်း အချစ်တွေနဲ့အတူ ဖုံးကွယ်ထားတဲ့ အနာဟောင်းတွေ ပြန်ဆွခံရသလိုပေါ်လာတဲ့အခါ... သူတို့နှစ်ယောက်ရဲ့ ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးကို ဒုတိယအကြိမ် အခွင့်အရေး ထပ်ပေးမလား... ဒါမှမဟုတ် တချို့ဒဏ်ရာတွေက ဘယ်တော့မှ မကျက်နိုင်တော့ဘူးလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်သွားမှာဖြစ်ပြီး နာမည်ကြီး Web Novel "Wat Fan Wan Wiwa" ကို အသက်သွင်းထားတာဖြစ်လို့ မင်းသမီးလှလှလေးတွေ၊ အချေအတင် အားပြိုင်မှုတွေနဲ့ Hate to Love Vibe, Fake Relationship Vibe လေးတွေ အပြည့်အဝခံစားရမှာမို့ ခုပဲ ရှုစားလိုက်ကြပါဦး။

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း