ဇာတ်ကားများ ရွေးရန်

The Capture

2019ဇာတ်လမ်းတွဲအမှတ် 8.5/10

The Capture (2019) Season 03 (Complete) IMDb Rating (8.0) / Rotten Tomatoes (97%) The Capture စီးရီးဟာ I will find you လိုပဲ ကောင်းတယ်လို့ ပြောကြပေမဲ့ တကယ်တမ်းမှာတော့ I will find you ထက် အများကြီးကောင်းတာကို တွေ့ရပါတယ်။ နည်းပညာမြင့် စပိုင်ဇာတ်လမ်းတွေကို ကြိုက်သူတွေအတွက် လုံးဝ လက်လွတ်မခံသင့်တဲ့ စီးရီးပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာမြင်နေရတာတောင် တကယ်အစစ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်သွားစေမယ့် The Capture ဆိုတဲ့ ဇာတ်လမ်းတွဲ ပါပဲ။ ဇာတ်လမ်းအစမှာ Shaun Emery ဆိုတဲ့ စစ်သားတစ်ယောက်ကို မြင်ရမယ်။ သူက အာဖဂန်မှာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာကနေ ဗီဒီယိုသက်သေအမှားအယွင်းရှိလို့ဆိုပြီး ထောင်ကနေ လွတ်လာတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် မပြီးဘူး။ ထောင်ကလွတ်တဲ့နေ့ ညမှာပဲ သူ့ရှေ့နေမလေးကို သူကိုယ်တိုင် ပြန်ပေးဆွဲသွားတာကို CCTV ကနေ အထင်အရှား ဖမ်းမိသွားပြန်ရော။ Shaun ကတော့ သူ တကယ်မလုပ်ပါဘူး၊ အဲဒီအချိန်မှာ သူ တစ်ယောက်တည်းရှိနေတာပါဆိုပြီး အသေအလဲကို ငြင်းတော့တာပဲ။ ဒါပေမဲ့ ဗီဒီယိုသက်သေမှာက ခိုင်ခိုင်လုံလုံကို ပါနေတာလေ။ ဒီတော့ ရဲစုံထောက် Rachel Carey က ဒီအမှုကို ကိုင်တွယ်ဖြေရှင်းရတော့တာပေါ့။ စုံစမ်းရင်း စုံစမ်းရင်းနဲ့ ဘာတွေသွားတွေ့လဲဆိုတော့... အခုခေတ်မှာ အရမ်းခေတ်စားနေတဲ့ Deepfake နည်းပညာတွေ၊ လုံခြုံရေးကင်မရာ (CCTV) တွေကို ကြားဖြတ်ဟက်ပြီး ပုံဖျက်တာတွေ၊ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ နောက်ကွယ်က အကြီးစား ကြိုးကိုင်လှုပ်ရှားမှုကြီးတွေကိုပါ သွားပြီး ပတ်သက်မိတော့တာပဲ။ ဒီကားရဲ့ အမိုက်ဆုံးအချက်က "ငါတို့ မြင်နေရတဲ့ အရာတွေကရော တကယ်အစစ်တွေပဲလား" ဆိုပြီး ဇာတ်လမ်းကြည့်နေရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် ပြန်မေးခွန်းထုတ်လာရတဲ့အထိ ဆွဲဆောင်နိုင်တာပဲ။ Plot twist တွေကလည်း လုံးဝကို မထင်မှတ်ထားတာတွေချည်းပဲဆိုတော့ အပိုင်းတစ်ပိုင်းပြီးတိုင်း နောက်တစ်ပိုင်းကို ဆက်ကြည့်ချင်လာအောင် ဆွဲခေါ်သွားလိမ့်မယ်။ နည်းပညာ၊ ထောက်လှမ်းရေးနဲ့ မှုခင်းဇာတ်လမ်းမျိုးတွေကို စိတ်ဝင်စားတယ်၊ စုံထောက်ကားလိုလို နိုင်ငံရေးကားလိုလိုနဲ့ ခေါင်းစားရတဲ့ Thriller ကားကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ The Capture က လက်လွတ်မခံသင့်တဲ့ ကားတစ်ကားလို့ပဲ ညွှန်းလိုက်ပါရစေဗျာ။ File size… (700 MB) / (400 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Mystery Duration…. 00:57:01 Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

18 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း