ဇာတ်ကားများ ရွေးရန်

Brave and Beautiful

2016ဇာတ်လမ်းတွဲအမှတ် 8.5/10

Brave and Beautiful (2016) // Cesur ve Güzel (2016) IMDB ⭐️ 7.3/10 အပိုင်း ( ၁ မှ ၃၂) စ/ဆုံး "ကလဲ့စားချေဖို့ လာခဲ့ပေမယ့်... ရန်သူ့သမီးကိုမှ မြင်မြင်ချင်း ချစ်မိသွားတဲ့အခါ..." တူရကီစီးရီး ဖန်တွေအတွက် ရုပ်ထွက်ရော သရုပ်ဆောင်ပိုင်းပါ ရှယ်မိုက်တဲ့ နာမည်ကျော် မင်းသားကြီး Kıvanç Tatlıtuğ နဲ့ အလှပဂေး မင်းသမီးချောလေး Tuba Büyüküstün တို့ အပြိုင်ကြဲထားတဲ့ Romance/Revenge Drama ကားကောင်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဂျေဆူရ်ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးတစ်ယောက် မြို့လေးတစ်မြို့ကို ရောက်လာရာက စပါတယ်။ သူ့ရဲ့ အဓိက ပစ်မှတ်က သူ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ အာဏာရှင် သူဌေးကြီး တာရှင်ကော်လူဒါးကို ကလဲ့စားချေဖို့ပါပဲ။ ဒါပေမဲ့ မထင်မှတ်ဘဲ မြင်းပေါ်က ပြုတ်ကျမလို အသက်အန္တရာယ် ကြုံနေရတဲ့ ကောင်မလေးတစ်ယောက်ကို သူ ဝင်ကယ်လိုက်ရာကနေ ကံကြမ္မာက အလှည့်အပြောင်း ဖြစ်သွားပါတယ်။ ထူးဆန်းတာက အဲဒီကောင်မလေးက တခြားသူမဟုတ်ဘဲ သူ အသေအလဲ မုန်းတီးနေတဲ့ ရန်သူတော် သူဌေးကြီးရဲ့ ရင်နှစ်သည်းချာ သမီးချောလေး စူဟန် ဖြစ်နေတဲ့အခါ… စစတွေ့ချင်းမှာ ကြောင်နဲ့ကြွက်လို တွေ့တာနဲ့ရန်ဖြစ်နေကြပေမဲ့ ကျားသစ်မလေးလို ဇတ်ဇတ်ကြဲ နှုတ်ခမ်းနီမလေး စူဟန်ကိုမှ ဂျေဆူရ်တစ်ယောက် တစစနဲ့ ချစ်မိလာတဲ့အခါ.. ရန်သူ့သမီးမှန်း သိသိလျက်နဲ့ ဆွဲဆောင်မှုတွေကြားမှာ နစ်မွန်းသွားမလား... ရည်ရွယ်ထားတဲ့ သွေးကြွေးကိုပဲ အရယူမလား... စူဟန်ကရော သူ့အဖေရဲ့ လျှို့ဝှက်ချက်တွေကို သိသွားတဲ့အခါ ချစ်သူကို ရွေးမလား၊ ဖခင်ကို ရွေးမလားဆိုတာ… ရက်စက်တဲ့ အတိတ်ရဲ့ အရိပ်မည်းတွေကြားက အချစ်၊ အမုန်း နဲ့ ဇာတ်ကွက် အလှည့်အပြောင်းတွေကို တူရကီကားတွေရဲ့ ထုံးစံအတိုင်း တိုတိုနဲ့ ထိထိမိမိ ခံစားရမှာမို့ အခုပဲ ရှုစားလိုက်ကြပါဦး ခင်ဗျာ။ Episodes: 32 Aired: Nov, 2016 - Jun 22, 2017 Genres: Turkish, Romance, Drama

အပိုင်းများ

32 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 32 အပိုင်း

ဇာတ်လမ်းအကြောင်း