When Light Fades
မျှော်လင့်ခြင်း အလင်းတန်းများ (၂၀၂၆) "အမှောင်မိုက်ဆုံးညဉ့်ယံမှာ လင်းလက်လာတဲ့ ကြယ်ရောင်ဖျော့ဖျော့လေးလို..." သာမန် အချိုအီ ကားတွေချည်း ကြည့်ရတာ ရိုးအီနေပြီး Historical Drama ခပ်ကြမ်းကြမ်းနဲ့ Survival ရောထားတဲ့ Vibe မျိုးကို မျှော်နေတဲ့ ဘော်ဒါတွေအတွက် ဇွန်လ ၂၅ ရက်နေ့ကမှ ပူပူနွေးနွေး စတင်ပြသနေပြီဖြစ်တဲ့ ထိုင်းစီးရီး အသစ်စက်စက်လေး တစ်ကား လာပါပြီ။ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့ရဲ့ အရုဏ်တက်ချိန်... တက္ကသိုလ်နယ်မြေတစ်ခုလုံးမှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ပဲ့တင်ထပ်သွားပြီးတဲ့နောက် ရာဗင်နဲ့ သူ့သူငယ်ချင်းတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် အရာအားလုံးကို ဆုံးရှုံးလိုက်ရပါတော့တယ်။ ရွေးချယ်စရာ လမ်းမရှိတော့တဲ့အဆုံးမှာ ရာဝင်တစ်ယောက် သူ့ရဲ့ သက်တောင့်သက်သာရှိတဲ့ ဘဝကြီးရယ်၊ မိခင်ဖြစ်သူရဲ့ တားဆီးငိုယိုမှုတွေကိုပါ ကျောခိုင်းပြီး ယုံကြည်ချက်တူတဲ့ ရဲဘော်ရဲဘက်တွေရှိရာ တောနက်ကြီးထဲကို ခြေစုံပစ် ဝင်သွားခဲ့ပါတယ်။ အဲဒီလို အန္တရာယ်တွေ ပြည့်နှက်နေတဲ့ တောနက်ကြီးထဲမှာ ကံကြမ္မာက သူ့ကို "ယွဲ" ဆိုတဲ့ အေးစက်စက်နဲ့ တည်ငြိမ်တဲ့ တိုက်ခိုက်ရေးရဲဘော် လူငယ်လေးတစ်ယောက်နဲ့ ဆုံတွေ့စေခဲ့ပါတယ်။ ရာဝင် သေမလိုဖြစ်နေတဲ့ တိရစ္ဆာန်ထောင်ချောက်ထဲကနေ ယွဲက အချိန်မီ ကယ်တင်ပေးလိုက်ရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက စတင်လာခဲ့တာပေါ့။ ပင်ပန်းဆင်းရဲမှုတွေနဲ့ သူတို့ပခုံးထက်က လေးလံတဲ့ ယုံကြည်ချက် တာဝန်တွေကြားမှာ... သူတို့နှစ်ယောက်ကြားက ထုတ်မပြောဖြစ်တဲ့ ခံစားချက်လေးတစ်ခုက တိတ်တဆိတ် သန္ဓေတည်လာတဲ့အခါ… အမှောင်မိုက်ဆုံး ညဉ့်ယံမှာ လင်းလက်နေတဲ့ ကြယ်ရောင်ဖျော့ဖျော့လေးလိုပဲ သူတို့ရဲ့ သံယောဇဉ်က ကြမ်းတမ်းတဲ့ စစ်မြေပြင်ကြားမှာ ရှင်သန်နိုင်ပါ့မလား… သူတို့မျှော်လင့်ချက်ပန်းတိုင်ဆီ သွားရာလမ်းမှာ ဘယ်လို အခက်အခဲတွေ ဆက်ကြုံရမလဲ ဆိုတာကို ကြည့်ရှုခံစားလိုက်ပါဦးနော်....
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း