Road to Success
ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အားကစားဇာတ်အိမ်နဲ့အချစ်ရိုရိုစိမ်စိမ့်လေးတွေကို ရောနှောထားတဲ့ မမ Esther Yu ရဲ့ကားသစ်လေးပါ။ ဒီကားမှာ မမ Esther Yu ကို ဆရာမလေးအဖြစ်မြင်ရမှာဖြစ်ပြီး မြင်နေကျဇာတ်ကောင်လေးမဟုတ်တော့ တစ်မျိုးလေးဆန်းနေမှာပါ။ မမနဲ့အတူ Chen Jing Ke ကပါ MC အဖြစ်ပါဝင်ထားပါတယ်။ မမ Esther Yu ပါနေတာဆိုတော့ ဒီဇာတ်လမ်းလေးကလည်း ပေါက်ဦးမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> ဒေါက်တာဘွဲ့တက်နေတဲ့ကျောင်းသူလေး လင်ဝမ်ရှင်းဟာ ဇာတိမြို့လေးကိုပြန်လာခဲ့ပြီး ဟုန်ကျင်း အမှတ် (၈) အထက်တန်းကျောင်းမှာ အားကစားပစ္စည်းထိန်းသိမ်းစောင့်ရှောက်သူအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗြိတိန်ဘောလုံးကလပ်တစ်ခုရဲ့နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဝမ်ဖာဆိုသူက သူ့အိမ်မှာ အိမ်ငှားအဖြစ်နေရင်း ဝမ်ဖာရဲ့နောက်ကြောင်းက လျှို့ဝှက်နက်နဲလွန်းမှန်း အမှတ်မထင်သိလိုက်ရပါတယ်။ ကျောင်းရဲ့တာဝန်ပေးချက်အရ လင်ဝမ်ရှင်းဟာ ဖျက်သိမ်းခံထားရတဲ့ ကျောင်းရဲ့ဘောလုံးအသင်းကိုပြန်လည်အသက်သွင်းဖို့ တာဝန်ယူခဲ့ရပါတယ်။ ပထမဆုံးပွဲမှာတင် အသင်းက အလဲအကွဲရှုံးနိမ့်သွားခဲ့ရပြီးနောက် ကွယ်ရာကနေစောင့်ကြည့်နေတဲ့ ဝမ်ဖာတစ်ယောက် နည်းပြအဖြစ်ဝင်ရောက်ကိုင်တွယ်ပေးခဲ့လို့ နောက်ဆုံးမှာတော့ အသင်းကို အောင်ပွဲဆီ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ လင်ဝမ်ရှင်းဟာ ဝမ်ဖာကို အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူပေးဖို့ စည်းရုံးနိုင်ခဲ့သလို အသင်းသားတွေကြားထဲက ပဋိပက္ခတွေကိုပါ ဝိုင်းဝန်းဖြေရှင်းပေးခဲ့ပါတယ်။ အဲအချိန်မှာပဲ အတိတ်က ဒဏ်ရာဟောင်းတွေပြန်ပေါ်လာတာကြောင့် သူတို့နှစ်ယောက်ကြား ခဏတာဝေးကွာသွားခဲ့ရသေးပေမဲ့ နောက်ဆုံးမှာတော့ ပြန်လည်သင့်မြတ်သွားခဲ့ကြပါတယ်။ ဗိုလ်လုပွဲတွေရော၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေပါ နီးကပ်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အတူတူလက်တွဲပြီး အသင်းသားတွေကို စိတ်ဓာတ်ခွန်အားပေးရင်း ပညာရေးအခက်အခဲတွေကိုပါ ကျော်ဖြတ်ကာ အိပ်မက်တွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက အားကစားဇာတ်အိမ်အမျိုးအစားဖြစ်ပြီး ကြည့်လိုက်တာနဲ့ စိတ်ဓာတ်ခွန်အားတွေ အပြည့်အဝရစေမဲ့ကားမျိုးပါ။ ဒါ့အပြင် မျိုးစုံတဲ့ရုန်းကန်မှုတွေကြားထဲကနေ အချစ်ချိုချိုလေးတွေကိုပါ ကြည့်ရမှာမို့ အားကစားသမားကိုမှ ချစ်သူတော်ချင်တဲ့ပြိတ်သတ်တို့ မဖြစ်မနေကြည့်သင့်ပါပြီနော်။ Total Episodes : 32 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
32 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း