ဇာတ်ကားများ ရွေးရန်

Sin And Love

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Sin And Love (2026) အပိုင်း 1 မှ 10 စ/ဆုံး အခုတစ်ခါမှာတော့ Choco Milkshake S1 က Kim Seong Hyuk, Tide of love ထဲက Jung Myeong Cheol, Bound Contract မှ Jung Hyun Woongနဲ့ Sweetheart service မှ Kim Hyeon Seo တို့ အဓိကပါဝင်ထားတဲ့ Thriller , Romance အမျိုးအစား BL Series လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း ရဲအရာရှိတွေ ၊ မူးယစ်ရာဇာတွေ၊ လျှို့ဝှက်အေးဂျင့်တွေ ၊ သူလျှိုတွေကြားမှာ အာဏာစနစ်ရဲ့ အလွှာတိုင်းက ပြိုလဲလုနီးပါးဖြစ်နေပါတယ် အများရဲ့အမြင်မှာတော့ တရားဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့ ရဲအဖွဲ့အစည်းတစ်ခုလို့ ထင်ရပေမယ့်၊ အဲဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်မှာတော့ အကျင့်ပျက်ခြစားမှုတွေ၊ လောဘတွေ၊ အာဏာလုပွဲတွေက မြို့ကို လွှမ်းမိုးချုပ်ကိုင်ထားပြီး လူ့အသက်တွေဟာ အပေးအယူလုပ်ဖို့ အသုံးချခံရတဲ့ အရာတစ်ခုသာ ဖြစ်လာခဲ့ပါတယ် အဲဒီလိုနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြန်ပေးဆွဲတစ်ခု ဖြစ်ပွါးပြီးတဲ့အချိန်မှာတော့ အဲဒီအမှုကို စုံစမ်းရင်းနဲ့ နောက်ကွယ်က မြှုပ်နှံထားတဲ့ အလိမ်အညာတွေ အကျင့်ပျက်ခြစားမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အတိတ်တွေက တစ်စတစ်စ ပေါ်ထွက်လာပါတော့တယ် ဒီလိုအန္တရာယ်တွေကြားထဲမှာ Yoo Se Hyun နဲ့ Kwon Hyeok Jae တို့နှစ်ယောက်က မမျှော်လင့်ဘဲ တွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ …။ အစပိုင်းမှာ သံသယတွေ၊ အမုန်းတရားတွေနဲ့ စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နွေးထွေးတဲ့ ခံစားချက်တွေအဖြစ် ပြောင်းလဲသွားမလားဆိုတာကို ကြည့်ရှုရမယ့်အပြင်၊ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ကြောင်းတွေကိုပါ တစ်ပြိုင်တည်း ခံစားရမှာဖြစ်လို့ အက်ရှင်နဲ့ ရိုမန့်စ်ကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ် Episodes: 10 Aired: Jul 8, 2026 - Aug 6, 2026 Aired On: Wednesday, Thursday Original Network: iQiyi Genres: Thriller, Romance Subtitle: Myanmar Subtitle (Hard Sub)

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း