ဇာတ်ကားများ ရွေးရန်

Lost

2004ဇာတ်လမ်းတွဲအမှတ် 8.0/10

Season (1 to 6) Complete ဇာတ်လမ်းတွဲ သမိုင်းကို ပြောင်းလဲပစ်ခဲ့တဲ့ ဂန္ထဝင် Masterpiece ကြီး "Lost" လာပါပြီ! Sci-Fi, Mystery နဲ့ Survival သဘောတရားတွေကို အကောင်းဆုံး ပေါင်းစပ်ထားပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ရူးသွပ်သွားစေခဲ့တဲ့ Lost ဇာတ်လမ်းတွဲကြီးကို ကြည့်ရှုနိုင်ပါပြီနော်။ ဇာတ်လမ်းအကျဉ်း Oceanic လေကြောင်းလိုင်း (Flight 815) ဟာ ဆစ်ဒနီကနေ လော့စ်အိန်ဂျလိစ်ကို အသွားမှာ မြေပုံပေါ်မှာတောင် မရှိတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်းပေါ်ကို ရုတ်တရက် ပျက်ကျသွားပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ ဒီကျွန်းပေါ်မှာ ရှင်သန်ဖို့ ကြိုးစားကြရင်းနဲ့... ဒီကျွန်းက သာမန်ကျွန်းတစ်ကျွန်း ဟုတ်မနေတာကို သိလိုက်ရပါတယ်။ တောနက်ထဲက ထူးဆန်းတဲ့ အရာတွေ၊ သူတို့မတိုင်ခင်ကတည်းက ရောက်နှင့်နေတဲ့ လျှို့ဝှက်ဆန်းကြယ် လူတစ်စု (The Others) နဲ့ အဖြေရှာမရတဲ့ ပဟေဠိပေါင်းစုံကို ရင်ဆိုင်လာရပါတော့တယ်။ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်တွေကို နောက်ကြောင်းပြန် (Flashback) တွေနဲ့ ဆွဲခေါ်သွားမှာပါ။ သူတို့တွေ ကျွန်းပေါ်ရောက်လာတာ တိုက်ဆိုင်မှုသက်သက်လား၊ ဒါမှမဟုတ် တစ်စုံတစ်ရာက တမင် ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာတာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါလိမ့်မယ်။ Dharma Initiative လို လျှို့ဝှက်သိပ္ပံပရောဂျက်တွေ၊ မြေအောက်စခန်းတွေကနေ အချိန်ခရီးသွားတာ (Time Travel) တွေအထိ ဇာတ်လမ်းက တစ်စတစ်စ ပိုနက်နဲလာပါတယ်။ အပိုင်းတစ်ပိုင်း ပြီးတိုင်း မေးခွန်းတွေ ပိုများလာပြီး နောက်တစ်ပိုင်းကို ဆက်မကြည့်ဘဲ မနေနိုင်အောင် ဖမ်းစားထားနိုင်တဲ့ အချက်က ဒီဇာတ်ကားရဲ့ အသက်ပါပဲ။ Facebook, Reddit တို့ သိပ်မတွင်ကျယ်သေးတဲ့ ၂၀၀၄ ဝန်းကျင်မှာတောင် တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အင်တာနက် Forum တွေပေါ်မှာ အသေအလဲ ဆွေးနွေးငြင်းခုံစေခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။ ဇာတ်လမ်းထဲက ဂဏန်း ၆ လုံးဟာ Pop Culture တစ်ခုလိုဖြစ်လာပြီး အပြင်မှာတကယ် ထီထိုးကြတဲ့အထိ ရူးသွပ်ခဲ့ကြပါတယ်။ ပထမဆုံး Pilot အပိုင်း တစ်ပိုင်းတည်းကိုတင် ဒေါ်လာ ၁၀ သန်းကနေ ၁၄ သန်းကြား သုံးပြီး အဲဒီခေတ်က အကုန်အကျ အများဆုံး စံချိန်တင် ရိုက်ကူးခဲ့တာပါ။ အမြင့်ဆုံးဖြစ်တဲ့ Emmy Award နဲ့ Golden Globe ဆုကြီးတွေကိုပါ သိမ်းပိုက်ခဲ့ပြီး Game of Thrones လို High-budget ကားတွေ ပေါ်ပေါက်လာဖို့ လမ်းခင်းပေးခဲ့တဲ့ ရှေ့ဆောင်လမ်းပြ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ စုစုပေါင်း Season ၆ ခု၊ အပိုင်း (၁၂၁) ပိုင်းလုံးကို ဆက်တိုက်တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်အားပေးနိုင်ကြပါပြီ။

အပိုင်းများ

121 အပိုင်း၊ season 6 season
ပြထားသည် 12 မှ 25 အပိုင်း

ဇာတ်လမ်းအကြောင်း