ဇာတ်ကားများ ရွေးရန်

Love Hurts

2026ဇာတ်လမ်းတွဲအမှတ် 7.8/10

Love Hurts (2026) အပိုင်း (၁ မှ ၈) စ/ဆုံး ဒီတစ်ခေါက်မှာတော့ အချစ်ဦးဇာတ်လမ်းလေးကို ဖြူဖြူစင်စင်နဲ့ ရင်ခုန်စဖွယ် ပုံဖော်ထားတဲ့ BL ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေအနေနဲ့ Sweet Blood ထဲက မင်းသား Kang Seon-Ho နဲ့ His Man S1 မှာ ပါဝင်ဖူးတဲ့ Kim Chan-Gyu တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - အတန်းထဲမှာ အမြဲ အဆင့်ဘိတ်ဆုံး ရနေတဲ့ ဂင်ဒိုဂျင်း (Kim Chan-Gyu) ကို စံပြကျောင်းသားလေး အီဂျယ်ဝန်း (Kang Seon-Ho) က စာကူပြပေးရင်း သူတို့နှစ်ဦးကြားမှာ သံယောဇဉ်တွေ စတင် ပေါက်ဖွားလာခဲ့ပါတယ် .. ။ ကံကြမ္မာက မျက်နှာသာမပေးလို့ ဝေးကွာသွားခဲ့ကြရပေမဲ့လည်း .. တက္ကသိုလ် ရောက်သည့်တိုင်အောင် ဒိုဂျင်းရဲ့ ရင်ထဲမှာတော့ ဂျယ်ဝန်းက နေရာယူထားဆဲပါပဲ ။ အဲဒီလိုနဲ့ တစ်နေ့ ကျောင်းအသွားလမ်းမှာ ဒိုဂျင်းတစ်ယောက် ဂျယ်ဝန်းနဲ့ ပြန်လည် ဆုံစည်းဖြစ်တဲ့အခါမှာတော့... ချစ်တတ်လာအောင် သင်ပေးပြီး နာကျင်မှုတွေနဲ့ ထားခဲ့ပေမဲ့လည်း တစ်သက်လုံး မေ့မရနိုင်တာကတော့ "အချစ်ဦး"ပါတဲ့... အထက်တန်းတုန်းက စတင်ခဲ့ကြတဲ့ ရေစက်လေးက အတိတ်ရဲ့ နာကျင်မှုအဖြစ်ပဲ ကျန်ရစ်နေခဲ့မှာလား... မျှော်လင့်ချက်မီးပွားလေးအဖြစ် ပြန်လည် အသက်ဝင်လာမလားဆိုတာကိုတော့ အပတ်စဉ် သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးပါဦးနော် .. Episodes: 08 Aired: Jul 8, 2026 Aired On: Friday Genres: Romance, Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း