THE GHOST IN THE SHELL
Anime သမိုင်းလောကရဲ့ ဂန္တဝင် Cyberpunk စီးရီးကြီးတစ်ခုကို ခေတ်သစ်အမြင် နည်းပညာတွေနဲ့ ပြန်မွမ်းမံ Reboot ထားတဲ့ စီးရီးလေး စတင်ထုတ်လွင့်လာခဲ့ပါပြီ။ Dandadan တို့လို စီးရီးကောင်းမျိုးကို ထုတ်လုပ်ပေးထားတဲ့ Science SARU က ပြန်ကိုင်ပေးထားတာပဲဖြစ်လို့ ဘယ်လိုတွေ ထူးခြားနေဦးမလဲ စောင့်ကြည့်သွားရမှာပါ။ ဒီကောင်လေးက အစပိုင်းကြည့်ကြည့်လိုက်တာ ၂၀၂၆ အသစ်ထွက်ဆိုပေမဲ့ ရှေးမူမပြတ်အောင်လည်း ရှေးစတိုင်လိုမျိုး ဆွဲပေးထားတာလေးတွေ မြင်ရလို့ တော်တော်မိုက်တယ်။ ဇာတ်လမ်းကလည်း မူရင်း Manga အတိုင်းပဲ သွားပေးမယ်လို့ ကြားထားတာဖြစ်လို့ အဆင်ပြေလောက်မှာပါ။ ဇာတ်လမ်းလေး ပြောရမယ်ဆို ၂၀၄၀ ပြည့်လွန်နှစ်တွေရဲ့ နည်းပညာအမြင့်မားဆုံး ခေတ်ကြီးမှာ လူသားတွေဟာ သူတို့ရဲ့ ဦးနှောက် (Ghost) တွေကို ကွန်ရက်နဲ့ ချိတ်ဆက်ပြီး (Cyberbrains) ခန္ဓာကိုယ်တွေကို စက်ရုပ်အဖြစ် ပြောင်းလဲနေထိုင်လာကြပါပြီ။ အဲဒီမှာ MC ဖြစ်တဲ့ Major Motoko Kusanagi ဆိုတာ အထူးတပ်သားတွေနဲ့ အလွတ်တန်း အကြမ်းစားတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်။ အဲဒါကို ပြည်ထဲရေးဝန်ကြီး မြင်ပြီးသဘောကျသွားတော့ သူတို့ကို အစိုးရလက်အောက်ခံ အထူးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းစေဖို့ စည်းရုံးကမ်းလှမ်းခဲ့တယ်။ အဲဒီမှာတင် Shell Squad ဒါမှမဟုတ် Public Security Section 9 ဆိုတဲ့ အထူးတပ်ဖွဲ့ကြီး ဖြစ်လာပြီး ဆိုက်ဘာမှုခင်းတွေ နိုင်ငံတကာ အကြမ်းဖက်ကိစ္စတွေကို ဖြေရှင်းရင်း နောက်ကွယ်က ကြိုးကိုင်နေတဲ့ “Puppet Master” ကို စုံစမ်းသိရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Cyberpunk စတိုင် အလန်းစား ကြည့်ရမှာပဲ ဖြစ်ပါတယ်...။ Sci-fi စကားလုံးတွေ၊ နည်းပညာဆိုင်ရာ အခေါ်အဝေါ်တွေ အစကတည်းက တရစပ်ပါဝင်လို့ ဒီ Franchise ကို အခုမှ စကြည့်မယ့်သူအသစ်တွေအတွက်တော့ နည်းနည်းကြည့်ရခက်ခဲနိုင်ပေမဲ့ တဖြည်းဖြည်း ကြည့်ရင်း မိုက်သွားမှာဖြစ်လို့ ဆက်လက်ရှုစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ..။
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း