Jewel in the Palace
Jewel in the palace (2003) အပိုင်း ( ၁ မှ ၅၄ ) စ/ဆုံး ချန်ဂင်လို့ ပြောလိုက်တာနဲ့ ကိုရီးယားပရိသတ်တော်တော်များများ အရမ်းကြိုက်ခဲ့ကြတဲ့ ဟုန်းဟုန်းတောက် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားက ဆုပေါင်းများစွာ ရရှိခဲ့ပြီး မင်းသမီးကြီး Lee Young Ae ကိုယ်တိုင်လည်း (Grand Prize/Daesang) ဆုကြီးကို ဆွတ်ခူးခဲ့တဲ့အပြင် မင်းသားကြီး Ji Jin Hee နဲ့အတူ တခြားသော နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော် ဂျိုဆွန်းခေတ်က အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လွှမ်းမိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ မွေးဖွားလာခဲ့တဲ့ ဂျန်ဂွန်းဆိုတဲ့ အမျိုးသမီးလေးတစ်ဦးအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်။ အမျိုးသားတွေ ကြီးစိုးတဲ့ လူမှုအသိုက်အဝန်းမှာ ဇာတ်နိမ့်တဲ့မိသားစုကနေ မွေးဖွားလာခဲ့တဲ့ ဂျန်ဂွန်းဟာ ခွဲခြားဆက်ဆံခံရမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး တော်ဝင်စားတော်ကဲတစ်ဦးအနေနဲ့ ရှင်သန်ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ နယ်နှင်ဒဏ်ပေးခံလိုက်ရပြီးတဲ့နောက် ဆေးပညာကို သင်ယူခဲ့ပြီး အမျိုးသမီးသမားတော်တစ်ဦးဖြစ်လာခဲ့တယ်။ အဲဒီနောက် နန်းတော်ထဲကို ပြန်ရောက်လာကာ သူမရဲ့ ဇွဲ၊ လုံ့လ၊ ဉာဏ်ပညာတို့ကြောင့် နောက်ဆုံးမှာ ဘုရင့်သမားတော်ဖြစ်လာခဲ့ပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်က ကြီးမြတ်သော ဂျန်ဂွန်းရယ်လို့ ဘွဲ့တံဆိပ်တော် ပေးအပ်ခံခဲ့ရပါတယ်။ ဒီကားလေးက အခက်အခဲတွေကို မဆုတ်မနစ် ကြိုးစားမှုနဲ့ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ သင်ခန်းစာနဲ့ ခွန်အားတွေကို အပြည့်အဝ ပေးစွမ်းတဲ့အပြင် .. ဂျိုဆွန်းခေတ်ရဲ့ ဟင်းလျာချက်ပြုတ်နည်းတွေနဲ့ တိုင်းရင်းဆေးပညာ လျှို့ဝှက်ချက်တွေကို ခမ်းခမ်းနားနား မြင်တွေ့ရမှာမို့လို့ ပြန်လည်ခံစားကြည့်ဖို့ ညွှန်းလိုက်ပါရစေ။ Episodes: 54 Aired: Sep 15, 2003 - Mar 23, 2004 Aired On: Monday, Tuesday Original Network: MBC Genres: Food, Historical, Romance, Medical, Drama
အပိုင်းများ
54 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း