ဇာတ်ကားများ ရွေးရန်

The Shadow Sovereign

2026ဇာတ်လမ်းတွဲအမှတ် 8.0/10

တရုတ်သမိုင်းဝင် အချစ်ဟာသ ဇာတ်လမ်းတွဲတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် ထွက်ရှိထားတဲ့ "Zhao Yang Gong Zhu" (昭阳公主 / The Shadow Sovereign) ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကားမှာတော့ ပရိသတ်အချစ်တော် မင်းသားချော Li Hong Yi (လီဟုန်ယိ) နဲ့ အိုင်ဒေါမင်းသမီးချော Kong Xue Er (ခုံရွှယ်အာ - Snow Kong) တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ရန်သူကနေ ချစ်သူဖြစ်သွားတဲ့ (Enemies to Lovers) ဇာတ်လမ်းပုံစံမျိုးကို ဆွဲဆောင်မှုရှိရှိ ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ဆင်းရဲတဲ့မိသားစုကနေ ပေါက်ဖွားလာတဲ့ ဉာဏ်ပညာထက်မြက်သူ ပညာရှင်လေး ရှန်ရှောက်(Shen Xiao) ဟာ သူ့ဖခင်သေဆုံးမှုရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ နိုင်ငံ့ဝန်ထမ်းဖြစ်လာဖို့အတွက် ကြိုးစားပမ်းစား စာပေသင်ယူနေသူပါ။ တစ်နေ့မှာတော့ သူဟာ ကျောင်းယန်မင်းသမီးလေး လီရှု (Li Shu) နဲ့ မထင်မှတ်ဘဲ တစ်ညတာ အတူနေမိခဲ့ကြပါတယ်။ ဒါပေမဲ့ မင်းသမီးလေးက သူ့ကို တာဝန်မယူဘဲ ရက်ရက်စက်စက် ပစ်ချသွားခဲ့ပါတော့တယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းကတော့ သိပ်မကြာခင်မှာပဲ ရှန်ရှောက်ဟာ နိုင်ငံတော်အဆင့် စာမေးပွဲမှာ ပထမ (ကျွမ့်ယွမ်) ရရှိသွားခဲ့ပါတယ်။ အောင်ပွဲခံ ညစာစားပွဲမှာ ဧကရာဇ်ကြီးက ထိပ်တန်းစာသင်တန်းသား ရှန်ရှောက်ကို သဘောကျလွန်းလို့ သူ့ရဲ့အချစ်တော်သမီးတော်နဲ့ လက်ဆက်ပေးဖို့ စီစဉ်တဲ့အခါမှာတော့... မင်းသမီးလေး လီရှုတစ်ယောက် သူမ ပစ်ချခဲ့တဲ့ကောင်လေးမှန်း သိလိုက်ရလို့ အံ့သြမှင်တက်သွားခဲ့ရပါတယ်။ ပိုဆိုးတာက ရှန်ရှောက်က အငြိုးနဲ့ နိုင်ငံ့ဝန်ထမ်းဖြစ်ဖြစ်ချင်း ဧကရာဇ်ဆီကို တင်သွင်းတဲ့ ပထမဆုံး အစီရင်ခံစာက "အသုံးအဖြုန်းကြီးပြီး အပျော်အပါးမက်တဲ့" မင်းသမီးကို အရေးယူပေးဖို့ တိုင်တန်းလိုက်တာပါပဲ။ ဒီဇာတ်လမ်းဟာ သာမန် အချစ်ဇာတ်လမ်းလေးသက်သက်မဟုတ်ဘဲ၊ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အသေအလဲ ရန်ဖြစ်ကြပေမဲ့ နောက်ပိုင်းမှာတော့ နန်းတွင်းရေး အရှုပ်အထွေးတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း နားလည်မှုတွေကနေတစ်ဆင့် အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားကြမဲ့ ဇာတ်လမ်းမျိုးပါ။ ရှန်ရှောက်က မင်းသမီးလေးကို သူမရဲ့ ဖိအားတွေကြားကနေ လွတ်မြောက်အောင် ကူညီပေးသလို၊ တိုင်းပြည်အေးချမ်းမှသာ ပြည်သူတွေရော သူတို့ပါ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရနိုင်မယ်ဆိုတာကို အတူတကွ နားလည်သွားကြပုံတွေကို ရိုက်ကူးပြသထားပါတယ်။ အပိုင်း (၁၈) ပိုင်းသာ ပါဝင်တဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ဇာတ်လမ်းဆွဲဆန့်တာမျိုးမရှိဘဲ ကြည့်ရတာ အီမသွားစေမယ့်အပြင်၊ Main Lead နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့ Chemistry တွေ၊ လှပတဲ့ ရိုက်ကွင်းရိုက်ကွက်တွေနဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်ချင်စရာ ကောင်းတဲ့ Historical Rom-Com ဇာတ်လမ်းတွဲကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ရပါတယ်။ Total Episodes : 18 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

18 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 18 အပိုင်း

ဇာတ်လမ်းအကြောင်း