ဇာတ်ကားများ ရွေးရန်

My Idol, My Debut

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

My Idol, My Debut (2026) အပိုင်း 1 မှ 2 စ/ဆုံး (မူရင်း ၂ပိုင်းစာကို ၁ပိုင်းတည်း အဖြစ် ပေါင်းပြီး တင်ဆက်ပေးထားပါတယ်) ဒီတစ်ခေါက်မှာတော့ Lovely Runner လို vibe မျိုး ရစေမဲ့ အချိန်ခရီးသွား အိုင်ဒေါရိုမန့်စ် ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် THE BOYZ အဖွဲ့ဝင် Q ၊ Queen of Tears မှာ ဟုန်းဟယ်အင်းငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Hwang Zia ၊ WOOAH အဖွဲ့ဝင် Nana ၊ tripleS အဖွဲ့ဝင် Kaede ၊ UP10TION အဖွဲ့ဝင်ဟောင်း Lee Jin-Hyuk အစရှိတဲ့ အိုင်ဒေါသရုပ်ဆောင်များစွာက အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် - ဇာတ်လမ်းအကျဉ်း - ချွဲအယ်နီ (Hwang Zia) ဟာဆိုရင်တော့ သူ့ရဲ့ ငယ်သူငယ်ချင်းတစ်ဖြစ်လဲ ထိပ်တန်းအိုင်ဒေါအဖွဲ့ "Boy to the Moon" ရဲ့ ခေါင်းဆောင် ဟန်ဂျယ်ဟာ (Q) ကို အရူးအမူး အားပေးတဲ့ fangirl လေးတစ်ဦးပါ။ တစ်နေ့မှာ သီချင်း သီဆိုဖျော်ဖြေနေစဉ်အတွင်း ဂျယ်ဟာတစ်ယောက် မသမာသူရဲ့ ဓားထိုးလုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။ အယ်နီလည်း ယူကျုံးမရတွေ ဖြစ်ပြီး ဂျယ်ဟာရဲ့ ဈာပနခန်းရှိရာ ဆေးရုံဆီ အပြေးသွားတဲ့လမ်းမှာပဲ ကားတိုက်ခံရပြီး လွန်ခဲ့တဲ့ ၈ နှစ်ကို ပြန်လည် ရောက်ရှိသွားပါတော့တယ်။ "ငါသာ ဂျယ်ဟာကို အိုင်ဒေါလုပ်ဖို့ အားပေးအားမြှောက် မလုပ်ပေးခဲ့ရင် ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာမဟုတ်ဘူး"ဆိုပြီး နောင်တရနေတဲ့ အယ်နီလည်း ဂျယ်ဟာ အိုင်ဒေါဖြစ်မလာစေဖို့အတွက် တားဆီးဖို့ ကြိုးစားရင်းကနေ မထင်မှတ်ဘဲ သူကိုယ်တိုင်က အိုင်ဒေါသင်တန်းသူလေး ဖြစ်သွားရာမှာတော့... တစ်သက်နဲ့တစ်ကိုယ် Fangirl ဘဝနဲ့ပဲ ဖြတ်သန်းလာခဲ့တဲ့ အယ်နီတစ်ယောက် အိုင်ဒေါဘဝနဲ့ လွယ်လွယ် အသားကျနိုင်ပါ့မလား။ ထပ်မံ ချဉ်းကပ်လာတဲ့ အန္တရာယ်တွေကြားမှာ ဂျယ်ဟာရဲ့ ကြမ္မာဆိုးကိုရော ပြောင်းလဲပေးနိုင်ပါ့မလားဆိုတာကို ဒီဒရမ်မာလေးထဲမှာ အတည်ပြု ကြည့်ရှုပေးကြပါဦးနော်။ Episodes: 4 Aired: Jul 16, 2026 - Jul 23, 2026 Aired On: Thursday Original Network: MBC Dramanet Duration: 25 min Genres: Music, Romance, Youth, Fantasy Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

2 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း