Blooms for Her
ဒီတစ်ခါ တင်ဆက်ပေးချင်တာလေးကတော့ Historical Romance ကိုမှ နန်းရေးနန်းရာတွေရောစွက်နေတဲ့ Mini Series လေးတစ်ခုပါ။ ဒီကားမှာ မင်းသမီးက Strong Female Lead မို့ FML အသားပေးကြိုက်တဲ့သာ့ကျားတို့ အကြိုက်တွေ့ဦးမှာ သေချာပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် မမလှလှလေး Hu Yi Yao နဲ့အတူ Mini Series Star လေးဖြစ်တဲ့ Wang Xing Wei တို့က လိုက်ဖက်ညီစွာပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> အရိပ်အဖွဲ့အစည်းရဲ့လျှို့ဝှက်အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ မေလင်ဟာ ရင်ထဲမှာ ကြီးမားလှတဲ့သွေးကြွေးဒဏ်ရာကို သိမ်းဆည်းထားရသူပါ။ အဲဒီသွေးကြွေးကိုပြန်ဆပ်ဖို့အတွက် အသက်ကိုပါလောင်းကြေးထပ်ပြီး အန္တရာယ်များလှတဲ့ကစားပွဲကြီးထဲကို သက်စွန့်ဆံဖျားဝင်ရောက်ခဲ့ပါတယ်။ ဒီအာဏာလုပွဲကြီးထဲမှာ မေလင်ဟာ အမျိုးသားအများအပြားရဲ့ကြားထဲမှာ ပါးနပ်စွာကစားနိုင်ခဲ့ပါတယ်။ သူဟာ သွေးအေးရူးသွပ်လှတဲ့ မင်းသားမုရုံကျင့်ဟယ်ရဲ့လက်ထဲက ထက်မြက်ဆုံးသောဓားတစ်လက် ဖြစ်ခဲ့သလို ရက်စက်တတ်တဲ့ အိမ်ရှေ့စံမင်းသားကြီးရဲ့မျက်လုံးထဲမှာလည်း ဆုံးရှုံးသွားခဲ့ရတဲ့ အချစ်ဦးရဲ့အစားထိုးရာတစ်ယောက်သာသာပါပဲ။ ဒါပေမဲ့ ကျောက်တိုင်းပြည်ကနေ ဓားစာခံအဖြစ်ရောက်ရှိနေတဲ့ မင်းသားယွဲ့ချင်းအတွက်တော့ သူဟာ အသက်နဲ့လဲပြီး အပြင်းအထန် ကာကွယ်ချင်ရလောက်တဲ့စွဲလမ်းရာတစ်ခု ဖြစ်နေပြန်ပါတယ်။ နန်းပလ္လင်ကိုလုယူဖို့အတွက် အချင်းချင်း ပြိုင်ဆိုင်နေကြတဲ့အခြေအနေကြီးထဲမှာ လှည့်ကွက်တွေ၊ မာယာတွေနဲ့ အစွန်းရောက်အနစ်နာခံမှုတွေပြည့်နှက်နေပါတယ်။ ဒီလိုလှပဆန်းကြယ်ပြီး ဝမ်းနည်းစရာကောင်းလှတဲ့ ရက်စက်အကြမ်းတမ်းဆုံးကစားကွက်ကြီးတစ်ခု စတင်လှုပ်ရှားလာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ကြားက ပန်းပွင့်ငယ်လေးဖြစ်တဲ့ မေလင်တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရင်ခုန်ရမှာပါ။ ဒီ Mini series လေးက ဆွေးမြေ့စရာအစွန်းရောက်စွဲလမ်းမှုအမျိုးအစားဖြစ်တာမို့ Plot ကလည်း တကယ့်ကိုဇာတ်ရှိန်တက်ကောင်းမွန်နေမှာအသေအချာပါပဲနော်။ Total Episodes : 27 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
27 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း