ဇာတ်ကားများ ရွေးရန်

Royal Betrothal

2026ဇာတ်လမ်းတွဲ

တရုတ်သမိုင်းဝင် နန်းတွင်းနိုင်ငံရေးနဲ့ အချစ်ဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ အသစ်စက်စက် ထွက်ရှိလာတဲ့ "Yu Ting Yao" (御廷瑶 / Royal Betrothal) ဇာတ်လမ်းတွဲကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကားဟာ စာရေးဆရာမ Xing Yan Yan ရဲ့ နာမည်ကျော်ဝတ္ထု "Jiang Shan Wei Pin" ကို အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး၊ ပရိသတ်အချစ်တော် မင်းသားချော Chen Zhe Yuan (ချန်ကျယ်ယွမ်) နဲ့ နန်းတွင်းကားတွေရဲ့ ဘုရင်မလို့ တင်စားရမယ့် မင်းသမီး Wu Jin Yan (ဝူကျင်ယန်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မိဘမဲ့ကောင်မလေး Meng Tinghui ဟာ သေဘေးကနေ သီသီလေးလွတ်မြောက်လာပြီးနောက်မှာ ပညာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ရဲရင့်တဲ့ တွေးခေါ်မှုတွေကြောင့် တာ့ဖျင် (Daping) မင်းဆက်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ဟန့်လင်ကျောင်းတော်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့ Meng Tinghui ဟာ သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့၊ လိုအပ်ရင် လက်ရဲဇက်ရဲ လုပ်ရဲတဲ့အထိ ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာပါတော့တယ်။သူမနဲ့ အပြိုင် ဇာတ်လမ်းကို အသက်သွင်းပေးမယ့်သူကတော့ အိမ်ရှေ့စံမင်းသားဘဝကနေ ဧကရာဇ်ဖြစ်လာတဲ့ Ying Gua ပါပဲ။ ဧကရာဇ် Ying Gua ဟာ အကျင့်ပျက်ခြစားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းတတ်တဲ့ ဖြောင့်မတ်ပြီး အာဏာစက်ပြင်းသူတစ်ယောက်ပါ။ ရည်မှန်းချက်ကြီးမားပြီး ဉာဏ်များတဲ့ အမျိုးသမီးအမတ်ချုပ်လေးနဲ့ တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ချင်တဲ့ ဧကရာဇ်တို့ကြားက အားပြိုင်မှုတွေ၊ နိုင်ငံရေး ကစားကွက်တွေနဲ့အတူ တဖြည်းဖြည်း ပေါက်ဖွားလာမယ့် သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ သာမန် နန်းတွင်းအချစ်ကားမျိုး မဟုတ်ဘဲ၊ အမျိုးသမီးဇာတ်ဆောင်ရဲ့ ကြိုးစားအားထုတ်မှု၊ နိုင်ငံရေး အကွက်ချမှုတွေနဲ့ အာဏာလုပွဲတွေကို အဓိကထား ရိုက်ကူးထားတာပါ။ Wu Jin Yan ရဲ့ ပီပြင်တဲ့ Strong Female Lead သရုပ်ဆောင်ချက်တွေရယ်၊ Chen Zhe Yuan ရဲ့ တည်ကြည်ခန့်ညားတဲ့ ဧကရာဇ်ပုံစံအသစ်ကိုပါ မြင်တွေ့ရမှာဖြစ်လို့ နန်းတွင်းနိုင်ငံရေး (Court Politics) နဲ့ Power Couple ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်သူတိုင်း လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ရပါတယ်။ Total Episodes : 36 Quality : WEB-DL 1080p, 720p Format : mp4 Genres : Historical, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

32 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 32 အပိုင်း

ဇာတ်လမ်းအကြောင်း