Ghost Whisperer
Ghost Whisperer ဆိုတာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ တကယ်ကို အောင်မြင်ခဲ့ပြီး CBS ရုပ်သံလိုင်းကနေ ၅ ရာသီ (Season 5) အထိ ထုတ်လွှင့်ခဲ့တဲ့ ကမ္ဘာကျော် Supernatural Drama / Fantasy စီးရီးကြီး ဖြစ်ပါတယ်။ သရဲကားလို့ ဆိုပေမဲ့ ကြောက်စရာကောင်းတာမျိုး စိတ္တဇဆန်တာမျိုးထက်"စိတ်ဒဏ်ရာတွေကို ကုစားပေးတာ၊ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်း" ဆိုတာမျိုးကို အဓိက ပုံဖော်ထားတာကြောင့် ပရိသတ်တွေ ရင်ထဲမှာ အနွေးဓာတ်ပေးနိုင်ခဲ့တဲ့ ဂန္ထဝင် စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က Grandview မြို့လေးမှာ ရှေးဟောင်းပစ္စည်းဆိုင်လေး ဖွင့်ထားတဲ့ မယ်လင်ဒါ ဆိုတဲ့ အမျိုးသမီးလေးပဲ ဖြစ်ပါတယ်။ မယ်လင်ဒါက ငယ်စဉ်ကတည်းက သူ့ရဲ့ အဘွားဆီကနေ အမွေရရှိခဲ့တဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိပါတယ်။ အဲဒါကတော့ "မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်တွေ သရဲတွေ နဲ့ စကားပြောနိုင်၊ ဆက်သွယ်နိုင်" ခြင်းပါပဲ။ ဒီဝိညာဉ်တွေဟာ လက်ရှိလူ့လောကမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေ၊ ဖွင့်မပြောခဲ့ရတဲ့ လျှို့ဝှက်ချက်တွေ ဒါမှမဟုတ် ချစ်ရသူတွေဆီ ပေးချင်တဲ့ စကားပါးမရလို့ လူ့လောကနဲ့ တစ်ဖက်ကမ်း အလင်းတန်းဆီ မကူးပြောင်းနိုင်ဘဲ သောင်တင်နေကြသူတွေပေါ့။ မယ်လင်ဒါ ကတော့ အဲဒီဝိညာဉ်တွေနဲ့ သက်ရှိလူတွေကြားမှာ အလယ်ကနေ ပေါင်းကူးတံတားအဖြစ် ကူညီပေးရင်း သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ဖြေရှင်းပေးရတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုး ဖြစ်ပါတယ်။ သူက တစ်ပိုင်းကို ဇာတ်လမ်းတစ်ပုဒ်လိုမျိုးလေးတွေ ဖြစ်နေတော့ အပိုင်းတစ်ပိုင်းစီမှာ ဝိညာဉ်တစ်ကောင်ရဲ့ အဖြစ်အပျက်/ပဟေဠိကို မယ်လင်ဒါ က စုံထောက်တစ်ယောက်လို လိုက်လံစုံစမ်း ဖြေရှင်းပေးပြီး အဆုံးသတ်ကျမှဝိညာဉ်နဲ့ သူတို့ရဲ့ မိသားစု/ချစ်သူတွေ ပြန်လည် နားလည်မှုရသွားပြီး မျက်ရည်ကျစရာ၊ နွေးထွေးစရာကောင်းတာမျိုးလေးတွေပါ။ စကားကို အဆုံးသတ်ရတော့မယ်ဆိုရင်တော့ Ghost Whisperer က Supernatural တို့ The X-Files တို့လို အကြမ်းစား သရဲကား မဟုတ်ဘဲ၊ လူသားတွေကြားက သံယောဇဉ်၊ သေခြင်းတရားနဲ့ ခွင့်လွှတ်ခြင်းအကြောင်းကို အလှပဆုံး ပုံဖော်ထားတဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ ဂန္ထဝင် TV စီးရီးကောင်းတစ်ခု ဖြစ်တာကြောင့် လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်မန္တကပြုလိုက်ပါရစေဗျာ...။
အပိုင်းများ
51 အပိုင်း၊ season 3 seasonဇာတ်လမ်းအကြောင်း