ဇာတ်ကားများ ရွေးရန်

Legacies

2018ဇာတ်လမ်းတွဲအမှတ် 8.4/10

Legacies (၂၀၁၈) ဟာ နာမည်ကျော် သဘာဝလွန် ဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Vampire Diaries နဲ့ The Original တို့ရဲ့ Spin-offအဖြစ် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ ဆယ်ကျော်သက် သဘာဝလွန် စိတ်ကူးယဉ် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ The Originals က ကလော့စ်မိုက်ကယ်ဆင် နဲ့ ဟေလီ တို့ရဲ့ သမီး ဟုပ်မိုက်ကယ်ဆင် ပဲ ဖြစ်ပါတယ်။ သူမဟာ စုန်း၊ သွေးစုပ်ဖုတ်ကောင်နဲ့ ဝံပုလွေ သွေးသုံးမျိုးစပ်ထားတဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော (Tribrid) ဖြစ်ပါတယ်။ ဇာတ်လမ်းကို Mystic Falls မြို့က အာလာရစ် ဖွင့်လှစ်ထားတဲ့ 'Salvatore School for the Young and Gifted' ဆိုတဲ့ သဘာဝလွန်စွမ်းအားရှင် ကျောင်းလေးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီကျောင်းမှာ လူငယ်စွမ်းအားရှင်လေးတွေကို သူတို့ရဲ့ စွမ်းအားတွေ ထိန်းချုပ်နိုင်ဖို့နဲ့ လူသားတွေနဲ့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ သင်ကြားပေးပါတယ်။ ဒါပေမယ့် Malivore လို့ခေါ်တဲ့ နေရာကနေ ထူးဆန်းတဲ့ သတ္တဝါတွေ (နဂါး၊ ဂါဂွိုင်းစတဲ့ Monsters တွေ) ရောက်လာတဲ့အခါ Hope နဲ့ သူမရဲ့ သူငယ်ချင်းတွေက ကျောင်းကိုရော ကမ္ဘာကြီးကိုပါ ကာကွယ်ဖို့ ကြိုးစားကြပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာပါ။ "Legacies" ဟာ ဆယ်ကျော်သက် သဘာဝလွန် ဇာတ်လမ်းတွဲတွေကို သဘောကျသူတွေ၊ အထူးသဖြင့် The Vampire Diaries နဲ့ The Originals ဇာတ်လမ်းတွဲတွေကို ကြည့်ရှုခဲ့ဖူးတဲ့ ပရိသတ်တွေအတွက် ဆက်လက်ကြည့်ရှုသင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ File size… 900 MB/ 300 MB(Appx;)@Episode Quality… WEB DL 1080p / 720p Format… mp4 Duration…. 50m @Episode Genre ..... Drama , Fantasy Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

47 အပိုင်း၊ season 3 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း