ဇာတ်ကားများ ရွေးရန်

Spring Over Phoenix Pond

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Rebirth Revenge ဇာတ်အိမ်ပုံစံလေးပါ။ Mini Series ဆိုပေမဲ့ ဇာတ်အိမ်က အတော်လေးကောင်းတာမို့ ပြိတ်သတ်တို့ အကြိုက်တွေ့မှာ သေချာပါတယ်။ MC အနေနဲ့ POJ မှာ နီမလိုလိုနဲ့ စိမ်းခဲ့တဲ့ ကိုကို Deng Kai နဲ့အတူ မမလှလှလေး Zhu Li Lan တို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာလဲ ကိုကို Deng Kai ရဲ့သစ်တောစိမ်းမှုအပေါင်းကို တစ်ဝကြီးခံစားရဦးမှာမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါ ပြိတ်သတ်ရေ ဇာတ်လမ်းအညွှန်း >>> သားသတ်သမားရဲ့သမီးအဖြစ် ကြီးပြင်းလာခဲ့ရသူ ချီယွမ်ဟာ မွေးဖွားစဉ်ကတည်းက လဲလှယ်ခံခဲ့ရတာပါ။ တကယ်တော့ သူဟာ မြို့စားမင်းအိမ်တော်ရဲ့တကယ့်သမီးအရင်း ဖြစ်ပါတယ်။ ဒါပေမဲ့ စံအိမ်ရဲ့သမီးအတုလေးဟာ ရာထူးနဲ့စည်းစိမ်ကိုကာကွယ်ဖို့အတွက် ချီယွမ်ကို အကွက်ဆင်စွပ်စွဲပြီး နည်းလမ်းပေါင်းစုံနဲ့ အရှက်ခွဲနှိပ်စက်ခဲ့တာမို့ မတတ်သာတဲ့အဆုံး ချီယွမ်ဟာ မင်းသား ကျင်းရှောင်ယွင်တင်းရဲ့လျှို့ဝှက်သက်တော်စောင့်အဖြစ် အမှုထမ်းခဲ့ရပါတယ်။ ကံကောင်းချင်တော့ အတူတူဖြတ်သန်းရုန်းကန်ရင်း သူတို့နှစ်ယောက်သား တဖြည်းဖြည်းသံယောဇဉ်ငြိတွယ်ပြီး ချစ်ကြိုက်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာညမှာပဲ မင်းသားချီက အတင်းအဓမ္မဝင်ရောက်ဖျက်ဆီးခဲ့လို့ ချီယွမ်ခမျာ ရန်သူနဲ့အတူ သေဆုံးသွားခဲ့ရှာပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ဆန်းကြယ်မှုကြောင့် သူဟာ အတိတ်က အမှတ်ရစရာတွေနဲ့အတူ ဘဝသစ်မှာ ပြန်လည်နိုးထလာခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် ဘဝမှာတော့ ရှေ့ဆက်မယ့်လမ်းကြောင်းကို ဘယ်သူ့ကိုမှ အဟန့်အတားမလုပ်နိုင်ရဘူးဆိုပြီး အခိုင်အမာသံဓိဌာန်ချခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းလေးက Mini series ဆိုပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အတော်ကောင်းမွန်တာမို့ ကြည့်ရှုသူတွေအတွက်တော့ ကြည့်ပျော်စရာစီးရီးလေးဖြစ်မှာ အသေအချာပါပဲ။ Total Episodes : 21 Quality : WEB-DL 1080p Format : mp4 Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

21 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 21 အပိုင်း

ဇာတ်လမ်းအကြောင်း