Star Wars: Visions Presents - The Ninth Jedi
Star Wars: Visions စီးရီးထဲက Ep 5 - The Ninth Jedi ဆိုတဲ့အပိုင်းလေးက လူတော်တော်များများ ချီးကျူးပြီး သဘောအကျဆုံး အပိုင်းတစ်ပိုင်း ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒါကို အဲဒီအပိုင်းကို ကိုင်တွယ်ခဲ့တဲ့ နာမည်ကြီး Studio - Production IG ကပဲ ထပ်မံကိုင်တွယ်ပြီး ၈ ပိုင်းပါတဲ့ Mini-series လေးအဖြစ် ထွက်ရှိလို့လာခဲ့ပါပြီဗျာ။ အဲဒီအပိုင်းတုန်းက ဘာလို့ ထူးခြားခဲ့ရသလဲဆိုတော့ Light Saber ကို ကိုင်တဲ့လူရဲ့ Force Connection အပေါ် မူတည်ပြီး Sith ဆို အနီရောင် Jedi တွေဖက်ကဆို အပြာတို့ အစိမ်းတို့ ပြောင်းသွားတာမျိုးက တော်တော်မိုက်ခဲ့တာပါ။ Light Saber အက်ရှင်ခန်းတွေဆိုလည်း Anime ဆရာကြီးတွေရဲ့လက်ရာဆိုတော့ကား ဆာမူရိုင်း ဓားသိုင်းလိုမျိုးတွေ ကြည့်ရှုခံစားရဦးမှာပါ။ နောက်ပြီး The Ninth Jedi ရဲ့ ဇာတ်အိမ်က ပင်မ Star Wars ဇာတ်လမ်းတွေနဲ့ သက်ဆိုင်ခြင်းမရှိပဲ သီးသန့်ဖြစ်တာကြောင့် တခြားဟာတွေ မကြည့်ဘူးလည်း ဒါကို အေးဆေးလာကြည့်လို့ ရပါတယ်။ ဒါကြောင့် Anime လည်းကြိုက်တယ် Star Wars လည်း ကြိုက်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ဖြစ်ပြီး အမြန်ဆုံးသာ လာကြည့်လိုက်တော့ဗျာ...။ ဇာတ်လမ်းအကျဉ်းလေးကတော့ သူ ဇာတ်လမ်းတည်ထားတဲ့ခေတ်က Jedi Order တွေ ပျက်သုဉ်းသွားပါပြီး Jedi တွေဆိုတာ ဒဏ္ဍာရီတစ်ခုသာသာပဲ ကျန်ရစ်ကာ Sith အဖွဲ့အစည်းတွေ မင်းမူနေတဲ့ကာလတစ်ခုပေါ့။ Kara ဆိုတဲ့ ကောင်မလေးတစ်ယောက်က Jedi လက်ကျန်အုပ်စုတွေနဲ့အတူ စွန့်စားခန်းထွက်ပြီး Light Saber တွေကို သွန်းလုပ်နိုင်တဲ့ ဖခင်ဖြစ်သူကို Sith အုပ်စု စစ်အာဏာရှင်တွေ လက်ထဲကနေ ပြန်လည် ကယ်တင်ဖို့ လုပ်တဲ့အပြင် ကိုယ်တိုင်ကလည်း Force ကို ဘယ်လိုမျိုး အသုံးချနိုင်ပြီး တိုးတက်လာမလဲဆိုတဲ့ ဇာတ်လမ်းကို ကြည့်ရမှာ ဖြစ်ပါတယ်...။
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း