ဇာတ်ကားများ ရွေးရန်

Raakh

2026ဇာတ်လမ်းတွဲအမှတ် 8.7/104K

Raakh (2026) (Season-1) IMDb (7.6) [ 4K Quality ထိတင်ဆက်ထားပါပြီ။] ဒီဇာတ်လမ်းတွဲဟာ ၁၉၇၈ ခုနှစ်က ဒေလီမြို့မှာ အမှန်တကယ် ဖြစ်ပွားခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မောင်နှမနှစ်ယောက် ရက်စက်စွာအသ_တ်ခံခဲ့ရသော Ranga-Billa Case ကို အခြေခံပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မိုးရွာနေတဲ့ ညနေစောင်းတစ်ခုမှာ အသက် ၁၆ နှစ်အရွယ် မောင်နှမနှစ်ဦးဖြစ်သူ ဆူမန် နဲ့ ဆာဟေးလ် တို့ဟာ ရေဒီယိုအစီအစဉ်တစ်ခုတွင်ပါဝင်ဖို့ ကားကြုံစီးရာကနေ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားကြပါတယ်။ ကလေးနှစ်ယောက်ရဲ့ဖခင်ဟာ စစ်တပ်အရာရှိတစ်ဦးဖြစ်ပြီးတော့ မိခင်က ကျောင်းဆရာမပါ။ ကလေးနှစ်ယောက် ပျောက်ဆုံးသွားမှုကြောင့် မိသားစုဝင်တွေ ဝမ်းနည်းရသလို တစ်မြို့လုံးလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့တော့တာပေါ့။ ဒီအမှုကို တာဝန်ယူစုံစမ်းရသူက အတွေ့အကြုံနုနယ်သေးပေမဲ့ ကြိုးစားအားထုတ်မှုရှိတဲ့ ရဲအရာရှိ ဂျေပရာကက်ရှ် ပဲဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရင်း သာမန်ပြန်ပေးဆွဲမှုကနေ ရက်စက်ကြမ်းကြုတ်တဲ့ လူသ_တ်မှုတစ်ခုဖြစ်ကြောင်း သိရှိသွားပြီး ဂျေပရာကက်ရှ် ဟာတရားခံများကို ဖမ်းဆီးနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသည်းအသန် လိုက်လံစုံစမ်းရတော့တဲ့အခါ.....။ File Size – 3GB / 600MB / 300 MB (Appx;)@Episode Quality –4K / 1080p WEB DL / 720p Total Episodes: 8Eps Subtitle – Myanmar Hardsub Format – mkv / mp4 Genre – Crime

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း