ဇာတ်ကားများ ရွေးရန်

An Affair of Life

2026ဇာတ်လမ်းတွဲ

"လူ့ဘဝရဲ့ မဟာဇာတ်ခုံ" (၂၀၂၆) “ချုမ်”ဆို့တဲ့ ကောင်မလေးဟာ အဖေနဲ့ အဖေမယားငယ် မိထွေးတို့နဲ့အတူနေထိုင်ရပြီး တစ်နေ့မှာ သူမတို့အိမ်မှာပြဿနာပေါင်းစုံကြုံလာရပါတော့တယ်။ အဖေဖြစ်သူကလည်း သမီးကိုဂရုမစိုက်နိုင်တော့ အဖေဖြစ်သူရဲ့အစ်ကိုက “ချုမ်”နဲ့ “ချုမ်”ရဲ့ညီမ ဖြစ်သူ “ကဲယောက်” ကို ဖရာနခွန်ကိုခေါ်လာပြီးပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ “ချုမ်”နဲ့”ကဲယောက်”လည်း ဖရာနခွန်မှာနေရတာမကြိုက်သလို အဖေ့ကိုလည်းခဏခဏသတိရပြီး အိမ်ပြန်ချင်ခဲ့တယ်။ ဖရာနခွန်ရောက်လာပြီးမကြာသေးဘူး “ချုမ့်" အဖေရဲ့ အမေဆုံးပါးသွားတော့ “ချုမ်”အဖေဟာ ဖရာနခွန်ကိုတက်လာပြီး မိခင်ရဲ့စျာပနကိုတက်ရောက်ခဲ့ရာ သမီးဖြစ်သူ”ချုမ်”နဲ့”ကဲယောက်”ဟာ သူတို့နှစ်ယောက်ကိုလာကြိုတယ်ထင်ပြီးဝမ်းသာနေခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာအဖေဖြစ်သူဟာ သမီးတွေကိုမပြောမဆိုဘဲထားခဲ့ပြန်တယ် အဖေပြန်လာကြိုမှာကိုတစ်ရက်ပြီးတစ်ရက်စောင့်မျှော်ရင်းကြီးပြင်းလာခဲ့ရတော့တာပေါ့...... ငယ်ငယ်ကတည်းက လောကဓံတွေ ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ချမ်းသာတဲ့ ကုန်သည်တစ်ဦးရဲ့သားနဲ့ “ချုမ့်”ကို လက်ထပ်ပေးဖို့ မိသားစုတွေက စီစဉ်ပေးလာပါတော့တယ်။ အဲဒီ အိမ်ထောင်းရေးကို လက်ခံလိုက်တဲ့ "ချုမ်" တစ်ယောက် ငယ်ငယ်ကတည်းက ကြုံလာရတဲ့ လောကဇာတ်ခုံရဲ့ အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်မလား ဒါမှမဟုတ် အခက်အခဲတွေကနေ မုန်တိုင်းထန်တဲ့အထိ ဖြစ်လာမလားဆိုတာကတော့......

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း