ဇာတ်ကားများ ရွေးရန်

Worlds Within// The World That They Live In

2008ဇာတ်လမ်းတွဲအမှတ် 9.2/10

Worlds Within // The World That They Live In (2008) အပိုင်း (1 မှ 16) စ/ဆုံး Hyun Bin နဲ့ Song Hye-Kyo တို့ရဲ့ visual တွေနဲ့တင် မျက်စိပသာဒဖြစ်စေမဲ့အပြင် နှစ်ယောက်သား အရမ်းကို chemistry မိခဲ့တဲ့ old but gold စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ရုပ်သံလောကရဲ့ အထူးအာရုံစိုက်မှုကို ခံနေရတဲ့ ဒရမ်မာ ဒါရိုက်တာသစ်လေး ဂျူဂျွန်ယောင်း (Song Hye-Kyo) ဟာဆိုရင် ကိုယ်ပိုင်ရပ်တည်ချက် ခိုင်မာပြီး ရဲရင့်ပြတ်သားတဲ့ အကျင့်စရိုက်ရှိသူပါ။ တစ်ဖက်မှာလည်း ဂျောင်ဂျီအို (Hyun Bin) ကတော့ ထက်မြက်ပြီး လူသားဆန်မှု အပြည့်ရှိတဲ့ ဒရမ်မာ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ရိုက်လိုက်တဲ့ ဇာတ်ကားတိုင်းက ကြည့်ရှုနှုန်းမှာရော အရည်အသွေးပိုင်းမှာပါ အပြစ်ပြောစရာမရှိဘူးလို့ ကျော်ကြားသူပေါ့။ တက္ကသိုလ်တုန်းက ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ ဂျီအိုနဲ့ ဂျွန်ယောင်းတို့က ရုပ်သံဌာနတစ်ခုတည်းမှာ အတူလုပ်ကိုင်ရင်း အချစ်မီးပွားလေးတွေ ပြန်လည် တောက်လောင်လာခဲ့ပေမဲ့နောက်ခံအသိုင်းအဝိုင်းနဲ့ အကျင့်စရိုက် မတူညီမှုတွေကြောင့် နှစ်ဦးကြား ဆက်ဆံရေးက တဖြည်းဖြည်း အက်ကြောင်းထင်လာတဲ့အခါမှာတော့... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်ဦးအပေါ်တစ်ဦး ခွင့်လွှတ်နားလည်ပေးရင်း ဒရမ်မာတွေကို ဘယ်လို လက်တွဲဖန်တီးသွားမလဲ... လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေး အတက်အကျ သဘောသဘာဝတွေနဲ့အတူ ရုပ်သံနောက်ကွယ်က ဒါရိုက်တာတွေနဲ့ ဝန်ထမ်းတွေရဲ့ အားစိုက်ထုတ်မှုတွေ အခက်အခဲတွေကို ပကတိအတိုင်း ပုံဖော်ထားတာဖြစ်လို့ ပြန်လည် ရှုစားလိုက်ကြပါဦးရှင်။ Aired: Oct 27, 2008 - Dec 16, 2008 Aired On: Monday, Tuesday Genres: Romance, Drama Episodes: 16 Original Network: KBS2

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း