ဇာတ်ကားများ ရွေးရန်

Nine: Nine Time Travels

2013ဇာတ်လမ်းတွဲအမှတ် 8.7/10

Nine: Nine Time Travels (2013) အပိုင်း (၁ မှ ၂၀) စ/ဆုံး အချိန်ခရီးသွားဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် တစ်ချိန်ကနာမည်ကြီးရေပန်းစားခဲ့ပြီး Chinese remake ပါ ပြန်ရိုက်ကြတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Castတွေအဖြစ် "Sweet Home" ဇာတ်ကားမှ မင်းသား Lee Jin Wook, "Buried Hearts"ဇာတ်ကားမှ မင်းသား Park Hyung Sik, "Second Shot at Love"ဇာတ်ကားမှာပါဝင်ခဲ့တဲ့ မင်းသမီး Jo Yoon Heeနဲ့ တခြားနာမည်ကြီးအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဘတ်ဆွန်းဝူ (Lee Jin Wook)ဟာ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့ သတင်းကြေညာသူဖြစ်ပြီး .. တက်ကြွပြီးရိုးသားတဲ့ သတင်းထောက်မလေး ဂျူမင်ယောင်း (Jo Yoon Hee)ကို ချစ်ကြိုက်နေသူလည်းဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ဘတ်ဆွန်းဝူဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကိုပြန်သွားနိုင်တဲ့ အမွှေးတိုင် ၉ ချောင်းကိုရရှိခဲ့ပြီး သူ့မိသားစုလုံခြုံစေဖို့နဲ့ လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့အတွက် အတိတ်ကို ခရီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အတိတ်မှာ သူ ပြုလုပ်လိုက်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်အဖြစ် ပစ္စုပ္ပန်မှာ သူချစ်ရသူအပါအဝင် လူများစွာရဲ့ဘဝတွေကို ဘယ်လိုတွေသက်ရောက်မှုရှိသွားမလဲဆိုတာကို လျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်အိမ်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်လို့ ညွှန်းဆိုလိုက်ပါတယ်နော် ။ Episodes: 20 Aired: Mar 11, 2013 - May 14, 2013 Aired On: Monday, Tuesday Original Network: tvN Genres: Mystery, Romance, Supernatural, Drama

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း