ဇာတ်ကားများ ရွေးရန်

Winter Fever

2026ဇာတ်လမ်းတွဲအမှတ် 6.8/10

Winter Fever (2026) အပိုင်း (၁ မှ ၄) စ/ဆုံး (၄ ပိုင်း ရှိသည်ကို စုစုပေါင်း ၁ ပိုင်းနှုန်းဖြင့် ပေါင်းပြီး တင်ဆက်ပေးထားပါတယ်ရှင်) လက်ရှိပြသနေတဲ့ Summer Fever စီးရီးရဲ့ ပထမတွဲဖြစ်တဲ့ Winter Fever စီးရီးလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေအနေနဲ့ Seo Jeong-Hyeon နဲ့ Kwak Geon-Hee တို့ကပဲ ပါဝင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၁၅ နှစ်တာ ခင်မင်ရင်းနှီးလာခဲ့ကြရာကနေ ချစ်သူတွေအဖြစ် အဆင့်တက်လာခဲ့ကြတဲ့ ဆောယူဂျွန်း (Seo Jeong-Hyeon) နဲ့ ဂင်ယွန်းဟို (Kwak Geon-Hee)... ယွန်းဟိုက ယူဂျွန်းအတွက်ဆိုရင် အသည်းနှလုံးကိုတောင် ထုတ်ပေးနိုင်တဲ့အထိ အစွန်းရောက်ချစ်တတ်သူမျိုးပေါ့ ။ တစ်ဖက်မှာလည်း ယူဂျွန်းက ယွန်းဟိုရဲ့ လိုလေသေးမရှိ ဖြည့်ဆည်းပေးမှုတွေကြောင့် တဖြည်းဖြည်း ဝန်လေးလာပြီး အသက်ရှူကျပ်သလို ခံစားလာရပါတော့တယ်။ အဲဒီအချိန်မှာပဲ ယူဂျွန်းကို အချိန်အတော်ကြာ တစ်ဖက်သတ် သဘောကျလာခဲ့တဲ့ စီနီယာတစ်ယောက်က သူ့အချစ်တွေကို ယူဂျွန်းရှေ့မှာ ဖွင့်ဟဝန်ခံလာတဲ့အခါ... နှစ်ရှည်လများ တည်ဆောက်လာခဲ့တဲ့ သံယောဇဉ်နဲ့ စွဲလမ်းချစ်လား... အသစ်ဝင်ရောက်လာတဲ့ အယုအယ အကြင်အနာတွေလား... ယူဂျွန်းရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်။ Episodes: 04 Aired: Mar 24, 2026 - Apr 14, 2026 Aired On: Tuesday Genres: Romance, Drama

အပိုင်းများ

1 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း