ဇာတ်ကားများ ရွေးရန်

Dang and His Gangsters (aka) Bangkok Gangster

2026ဇာတ်လမ်းတွဲ

"ဒဲန်းနှင့်အပေါင်းအပါများ"(၂၀၂၆) ဂိုဏ်းစတားတစ်ယောက်ဘဝဆိုတာ မကောင်းမှုကနေ မွေးဖွားခဲ့တာ မဟုတ်ပါဘူး ရွေးစရာလမ်းတွေ ပိတ်သွားတဲ့အခါ မဖြစ်မနေရွေးလိုက်ရတဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ မွေးဖွားလာရခြင်းပါပဲ ဒဲန်းခေါင်းဆောင်တဲ့ အရမ်းရင်းနှီးကြတဲ့သူငယ်ချင်းအဖွဲ့မှာ ပူ ၊ ဒမ် ၊ လျမ်းနဲ့ ပီယက်တို့ပါဝင်ကြပါတယ် သူတို့ဟာ သူဌေးထီယူရဲ့ဂိုဏ်းက ပန်ယာရဲ့ စောင့်ရှောက်မှုအောက်မှာရှိတာပါ ဆန့်ကျင်ဘက်အနေနဲ့ မဒမ်လင်းကြည်ဂိုဏ်းက ဒေချာကလည်း အမြဲလိုလို သူတို့ကို ပြဿနာတွေပေးတတ်တယ် အမေတစ်ခုသားတစ်ခုအဖြစ် ကြီးလာရတဲ့ ဒဲန်းဟာ အမေ့ကိုကာကွယ်နိုင်အောင် စာကြိုးစားပြီး ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့သူပေါ့ တစ်ရက်မှာတော့ သူ့အတွက် ရွေးချယ်မှုလုပ်ရမဲ့ အခြေအနေကို ရောက်ခဲ့ရာကနေ သူဟာ ဂိုဏ်းစတားဖြစ်ဖို့ပဲရွေးမလား အိပ်မက်နောက်ကိုပဲ လိုက်ခဲ့မလား.... "ဒဲန်းနဲ့ အပေါင်းအပါ" ဆိုတဲ့ ၈ပိုင်းတည်းပါတဲ့ ဇာတ်လမ်းလေးမှာ ထိထိမိမိနဲ့ ကြည့်ရှုရမှာပါ

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း