ဇာတ်ကားများ ရွေးရန်

Queen of Ambition

2013ဇာတ်လမ်းတွဲအမှတ် 6.8/10

Queen of Ambition (2013) အပိုင်း 1 မှ 24 စ/ဆုံး ဒီတစ်ခေါက် မိတ်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Queen of Ambition လေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ 'The Mask'ကားထဲက မင်းသမီး Soo Ae, မြန်မာပရိသတ်တွေကြားထဲမှာ နာမည်ကြီးပြီးသားဖြစ်တဲ့ 'Stairway to Heaven', 'Hitman'တို့လို့ကားထဲက မင်းသား Kwon Sang-woo တို့အပြင်ကိုမှ Idol အနေနဲ့လည်း နာမည်ကြီးသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ 'Diary of a Night Watchman'ကားထဲက မင်းသားဖြစ်တဲ့ U-Know(Jung Yunho)တို့ အဓိက ပါဝင်ထားပါတယ်။ အလွန်ဆင်းရဲတဲ့ဘဝထဲမှာ ကြီးပြင်းလာခဲ့ရပြီး အထက်တန်းစားလူနေမှုဘဝကို ရရှိဖို့ အရာရာကို စွန့်လွှတ်ဖို့ အသင့်ရှိနေသူတစ်ယောက်ဖြစ်တဲ့ ဂျူဒါဟယ်ဟာ သူမရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘယ်သူ့ကိုမဆို အသုံးချဖို့ ဝန်မလေးခဲ့ပါဘူး။ အဲဒီလိုသူမရဲ့ ဘေးမှာအမြဲတမ်းရပ်တည်ပေးပြီး အချစ်စစ်နဲ့ချစ်ပေးနေတဲ့ ဟာရူဟာ သူမအတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ခဲ့ပေမဲ့ သူမရဲ့ လောဘနဲ့ အောင်မြင်လိုစိတ်ကြောင့် အသုံးချခံရပြီး နောက်ဆုံးမှာ သစ္စာဖောက်ခံခဲ့ရပါတယ်။ အချစ်ရဆုံးသူရဲ့ သစ္စာဖောက်မှုကြောင့် နာကျင်ခဲ့ရတဲ့ ဟာရူဟာ နောက်ပိုင်းမှာ အစိုးရရှေ့နေ တစ်ယောက်ဖြစ်လာပြီး ဒါဟယ်ရဲ့ အာဏာပြမှုနဲ့ မကောင်းမှုတွေကို အဆုံးသတ်ပေးဖို့ ကြိုးစားလာပါတော့တယ်။ တစ်ဖက်မှာတော့ ဒါဟယ်ဟာ အာဏာနဲ့ ဂုဏ်သိက္ခာကို တစ်ဆင့်ပြီးတစ်ဆင့် ရယူရင်း နောက်ဆုံးမှာ သမ္မတကတော် အထိ ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီလို သူမရဲ့ အလှအပနဲ့ ဆွဲဆောင်မှုအောက်မှာ ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ပေးဖို့ အသင့်ဖြစ်နေသူတွေ ရှိနေပြီး အဲဒီအထဲမှာတော့ ချစ်တတ်လွန်းတဲ့ ဘဲ့ဒိုဟွန်း လည်း ပါဝင်နေပါတယ်။ ဆင်းရဲခြင်းကနေ အာဏာအမြင့်ဆုံးနေရာအထိ ရောက်ရှိလာတဲ့ ဒါဟယ်ကို ဟာရူတစ်ယောက် တားဆီးနိုင်ပါ့မလား...ဒါမှမဟုတ် သူမရဲ့ ရည်မှန်းချက်က အရာအားလုံးကို ဖျက်ဆီးမသွားခင် ရပ်တန့်နိုင်ပါ့မလား…အချစ်၊ သစ္စာဖောက်မှု၊ လောဘ၊ အာဏာနဲ့ လက်စားချေမှုတွေကို ရောစပ်ထားတဲ့ စိတ်လှုပ်ရှားဖွယ် Revenge Dramaလေးကို အတူတူကြည့်ရှု့လိုက်ကြရအောင်နော်။ Episodes: 24 Aired: Jan 14, 2013 - Apr 2, 2013 Aired On: Monday, Tuesday Original Network: SBS Duration: 1h 5m Genres: Romance, Drama, Melodrama Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း