LOVEx3
"အချစ်ဟုဆိုရာဝယ်" ဒီဇာတ်ကားကတော့ အထက်တန်းကျောင်းသားသုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း "ဖစ်ဆစ်"နဲ့ "ဖျူန်း" ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပေမယ့် ဖစ်ဆစ်ကတော့ ဖျူန်းကို တစ်ဖက်သပ်ကြိုက်နေခဲ့တာကြာပါပြီ။ မိဘတွေနဲ့ တခြားအပေါင်းအသင်းမိတ်ဆွေတွေအကုန် အသိပေးခဲ့ပေမယ့် ဖျူန်းတစ်ယောက်တော့ လုံးဝ မရိပ်မိခဲ့ပါဘူး။ တစ်နေ့မှာတော့ ဂျူနီယာတန်းက မောင်king လေး "စတား" ကို ဖျူန်း တစ်ယောက် မြင်မြင်ချင်းပဲချစ်မိသွားခဲ့ပါတယ်။ စတား ကို လိုက်ဖို့ ဖျူန်း တစ်ယောက် သူငယ်ချင်းဖစ်ဆစ်ကို နားပူနားဆာလုပ်ရင်းကနေ နောက်ဆုံးတော့ ဖစ်ဆစ်ကလည်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ စတား တစ်ယောက် ဖျူန်း ကို တွေ့ဖို့ခေါ်ပြီး သူဟာ ဖစ်ဆစ်ကို သဘောကျနေကြောင်း ကူညီပေးဖို့ ပြောတဲ့အခါမှာတော့ ဖျူန်းတစ်ယောက် သူသဘောကျတဲ့ စတားကို ကူညီပေးမလား? ကူညီပေးရင်း ဖစ်ဆစ်သဘောကျတာကို ရိပ်မိသွားမလား? သူတို့သုံးယောက်ဇာတ်လမ်းက ဘယ်လိုတွေဖြစ်သွားမလဲ ဆိုတာကိုတော့ အခုပဲစောင့်ကြည့်ရအောင်နော်
အပိုင်းများ
13 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း