GTO (2026)
GTO - Great Teacher Onizuka Sensei ဆိုတာက Manga နဲ့ Anime သမိုင်းထဲ ဟာသစီးရီးအဖြစ် ကျော်ကြားထင်ရှားပါတယ်။ အသက် ၂၀ ကျော် ဂိုဏ်းလူမိုက်ဟောင်းတစ်ယောက်က ကျောင်းသူလေးတွေနဲ့ တွဲချင်တယ်ဆိုပြီး ရည်မှန်းချက်ကြီးမားစွာနဲ့ ဆရာဖြစ်ချင်တယ်ဆိုပြီး ကျောင်းဆရာလုပ်ဖို့ ကြိုးစားရာကနေ ထူးခြားတဲ့ နည်းစနစ် သွန်သင်ဆုံးမပုံတွေနဲ့ ကျောင်းသူကျောင်းသား မိဘ ကျောင်းပြသနာတွေကို ဖြေရှင်းပေးရတဲ့ဇာတ်လမ်းမျိုးပါ။ သူက Anime တွေသာမကပဲ Live Action ဆိုလည်း အများကြီးရှိပြီး နာမည်ကြီးခဲ့တဲ့ Franchise တစ်ခုပါပဲ။ အခု ၂၀၂၆ ခုနှစ်မှာတော့ မွန်မြတ်တဲ့ လူမိုက်ကျောင်းဆရာကြီး အိုနီဇူကာတစ်ယောက် ကျောင်းအသစ်ကို ပြန်လာပြီပဲ ဖြစ်ပါတယ်။ အူနီဇူကာနေရာမှာလည်း ၁၉၉၈ ခုနှစ် စီးရီးထဲက မင်းသားကြီး Takashi Sorimachi ကပဲ ပြန်လည်သရုပ်ဆောင်ပေးထားတာကြောင့် သေချာပေါက် မိုက်နေဦးမှာပါ။ သူက အရင်ဇာတ်လမ်းတွေရှိခဲ့ပေမဲ့လည်း သက်သက်စီကြည့်လို့ အဆင်ပြေတဲ့ဇာတ်လမ်းမျိုးပါ။ အခု ၂၀၂၆ စီးရီးမှာဆိုလည်း အလုပ်မရှိ အကိုင်မရှိဖြစ်နေလို့ ယောင်နေတဲ့ အိုနီဇူကာကြီးတစ်ယောက်ကို မိန်းမက အလုပ်မရှာရင် လမ်းခွဲမယ်ဆိုလို့ အိုကြီးအိုမနဲ့ မြတ်ဆရာအဖြစ် ပြန်လုပ်ဖို့ ရှာရာကနေ ကော်ပိုရိတ်ဆန်ဆန် အဆင့်မြင့်ကျောင်းတစ်ကျောင်းမှာ ဆရာအဖြစ် ဖြတ်သန်းရပုံတွေကို မြင်တွေ့ရမှာပါ။ ဒီကျောင်းမှာဆိုရင် ကျောင်းသူကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် အပြောအဆို ခင်ခင်မင်မင်မရှိကြပဲ ကျောင်းက တက်ဘလက်ကြီးတွေကိုပဲ ကုန်းကြည့်နေတာမျိုး ကျောင်းဆရာတွေကိုလည်း အမှတ်ပေးစနစ်နဲ့ အမည်မသိအမှတ်ပေးပြီး အမှတ်လျှော့ရင် ကျောင်းထုတ်ခံရလောက်တဲ့အထိ ပြင်းထန်တာမျိုး ခေတ်သစ်မျိုးဆက်တွေဖြစ်တဲ့ ပြန်မပြောနားမထောင် Gen Z လေးတွေကို အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ မြတ်ဆရာ အိုနီဇူကာကြီးတစ်ယောက် သူ့ရဲ့ လူမိုက်အထာတွေ ထူးဆန်းတဲ့နည်းဗျူဟာတွေနဲ့ ကျောင်းတွင်းရေးရားအဆင်မပြေမှုတွေကို ဘယ်လိုမျိုး ဟာသလေးတွေနှောပြီး ဖြေရှင်းပေးဦးမလဲဆိုတာကို စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်ဗျာ....။
အပိုင်းများ
11 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း