ဇာတ်ကားများ ရွေးရန်

The Outlaw

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါတော့ ပရိသတ်တို့က အက်ရှင် drama ကောင်းလေးကို ခံစားကြည့်ရှုရမှာပါ။ ဇာတ်အိမ်က သူ့လူကိုယ့်ဘက်သားပုံစံမို့ အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်ဆောင်တွေအဖြစ် Marry Me Again နဲ့ Go Back Lover တို့မှာ ချစ်ပြိတ်သတ်ရဲ့ Boyfriend standard ကိုမြင့်စေခဲ့တဲ့ ကိုကိုလူချော Ren Shihao နဲ့အတူ Wu Lingwei၊ Candice Zhao တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ပျောက်ဆုံးသွားတဲ့ စေ့စပ်ထားသူအမျိုးသမီးလေးကိုလိုက်လံရှာဖွေနေတဲ့ ကျိုးယန်ဟာ လူကုန်ကူးသူတွေရဲ့ပြန်ပေးဆွဲခြင်းကို အမှတ်မထင်ခံလိုက်ရပြီး မတရားစွပ်စွဲချက်တွေနဲ့ ထောင်ကျသွားခဲ့ပါတယ်။ အရာရာကိုဆုံးရှုံးလိုက်ရတဲ့ ကျိုးယန်ဟာ အမှောင်ထုထဲကနေ ပြန်လည်ရုန်းထွက်ဖို့အတွက် ဒုစရိုက်လောကရဲ့ ဩဇာကြီးမားလှတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့အထောက်အထားကို ရယူကာ ဟန်ဆောင်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဆိပ်ကို အဆိပ်နဲ့ ခတ်ဆိုသလိုပဲ သူဟာ လျှို့ဝှက်ထောက်လှမ်းရေးရဲတပ်ဖွဲ့နဲ့ အကွက်ကျကျပူးပေါင်းလိုက်ပြီး သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ရာဇဝတ်ကွန်ရက်ကြီးတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းဖို့ အသက်နဲ့လဲရမဲ့ကစားပွဲကြီးကို စတင်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းက အကွက်ကျကျလက်စားချေတဲ့အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က ပစ်ချစရာကိုမရှိတာပါ။ နောက်ပြီး သာမန်လူတစ်ယောက်ကနေ အဖိနှိပ်ခံရလွန်းလို့ ဒုစရိုက်လောကရဲ့ဒိတ်ဒိတ်ကြဲအဖြစ် ဟန်ဆောင်ပြီး အမုန်းတွေကို လက်စားချေမယ့် Dark Anti-Hero Vibe ဖြစ်လို့ ကြည့်ရတာလည်း အရမ်းကျေနပ်စရာကောင်းမှာပါနော်။ Shihao ရဲ့ခပ်မိုက်မိုက်ဂိုဏ်းစတားပုံစံကိုပါ မြင်တွေ့ရမှာမို့ ကြူးချင်သူအပေါင်းလည်း တန်းစီထားလို့ရပါပြီဗျို့။ Total Episodes : 24 Quality : WEB-DL 1080p HEVC Format : mp4 Genres : Drama Runtime :15 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း