Sword Stained with Royal Blood
မင်မင်းဆက် နှောင်းပိုင်းကာလ၊ တိုင်းပြည်က ပျက်လုဆဲဆဲ၊ သိုင်းလောကမှာလည်း သွေးထွက်သံယိုမှုတွေက နေရာအနှံ့... ဒီလို ကမောက်ကမ အချိန်ကာလကို နောက်ခံထားပြီး ဆရာကြီးကျင်းယုံ ရဲ့ ဂန္ထဝင်ဝတ္ထုကို အသက်သွင်းထားတဲ့ ၂၀၀၇ ခုနှစ်ထွက် "Sword Stained with Royal Blood" (碧血剑) ဇာတ်လမ်းတွဲကြီးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းက တိုင်းပြည်အတွက် အသက်ပေးကာကွယ်ခဲ့ပေမဲ့ ဧကရာဇ်ရဲ့ သံသယကြောင့် မတရား ကွပ်မျက်ခံလိုက်ရတဲ့ စစ်သူကြီး ယွမ်ချုံးဟွမ်ရဲ့ ဇာတ်ကြောင်းနဲ့ စတင်ပါတယ်။ သေဘေးကနေ သီသီလေး လွတ်မြောက်သွားတဲ့ သူ့ရဲ့သား ယွမ်ချန်ကျိ ဟာ တောင်ပေါ်မှာ သိုင်းပညာတွေ သင်ယူရင်း အရွယ်ရောက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ တောင်ဂူတစ်ခုထဲကနေ သိုင်းလောကကို တစ်ခေတ်ဆွဲလှုပ်ခဲ့တဲ့ 'ရွှေမြွေသိုင်းသမား' ရှာရွှယ်ယီရဲ့ အစွမ်းထက် ရွှေမြွေဓားနဲ့ သိုင်းကျမ်းကို မထင်မှတ်ဘဲ ရရှိသွားခဲ့ပါတယ်။ ဖခင်ရဲ့ ကလဲ့စားကိုချေဖို့ တောင်ပေါ်က ဆင်းလာတဲ့ ယွမ်ချန်ကျစ်တစ်ယောက်၊ မင်မင်းဆက်ကို ပုန်ကန်နေတဲ့ သူပုန်တပ်တွေနဲ့ ပူးပေါင်းမိတဲ့အခါမှာတော့ သူထင်ထားသလို အဖြူနဲ့အမည်း သဲသဲကွဲကွဲ မရှိတဲ့ နိုင်ငံရေး လှည့်ကွက်တွေကြားကို ရောက်သွားပါတော့တယ်။ ဒီကြားထဲ ရွှေမြွေသိုင်းသမားရဲ့ သမီးဖြစ်သူ ဉာဏ်များတဲ့ ဝမ်ချင်းချင်းနဲ့ မင်ဧကရာဇ်ရဲ့ သမီးတော် မင်းသမီး အာကျိုတို့နဲ့ ဆုံတွေ့တဲ့အခါ... ရန်သူ့သမီးတော်နဲ့ ကျေးဇူးရှင်ရဲ့သမီးကြားက ရှုပ်ထွေးလှတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဇာတ်ကားကို ပိုပြီး အရှိန်တက်လာစေပါတယ်။ ဒီကားက သာမန်သိုင်းကားတွေလို မင်းသားက သိုင်းတတ်၊ ရန်သူကိုနိုင်၊ ပြီးရင် ပျော်ရွှင်စွာ ဇာတ်သိမ်းသွားတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ တိုင်းပြည်ပျက်လုဆဲဆဲ အချိန်မှာ သူရဲကောင်းတစ်ယောက်ရဲ့ ခွန်အားက ဘယ်လောက်ထိ သေးငယ်သွားလဲဆိုတာကို လက်တွေ့ကျကျ ရိုက်ပြထားတာပါ။ သူရဲကောင်းဆိုတာ ဓားတစ်လက်နဲ့ အရာအားလုံးကို ဖြေရှင်းလို့မရဘူးဆိုတဲ့ အမှန်တရားကို ယွမ်ချန်ကျစ်ရဲ့ ဘဝကနေတစ်ဆင့် မြင်ရပါလိမ့်မယ်။ ဒါ့အပြင် ရွှေမြွေသိုင်းသမား ရှာရွှယ်ယီရဲ့ အတိတ်က အမုန်းတရားတွေ၊ နာကြည်းချက်တွေက ပစ္စုပ္ပန်ကာလအထိ အရိပ်မည်းကြီးလို လွှမ်းမိုးနေပုံတွေကိုလဲ သေချာစွာရိုက်ကူးတင်ဆက်ထားပါတယ် ။ဆရာကြီးကျင်းယုံရဲ့ ဝတ္ထုတွေထဲကအတိုင်း လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်းတွေ၊ နိုင်ငံရေးရဲ့ ရက်စက်မှုတွေကို သိုင်းကွက်ကြမ်းကြမ်းတွေနဲ့အတူ ကြည့်ရှုရမယ့် ကားကောင်းတစ်ကားမို့ သိုင်းချစ်သူပရိသတ်တွေအတွက် လက်မလွတ်သင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ် Total Episodes : 30 Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance, Wuxia Runtime :45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
30 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း