Auspicious Nobles
ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ခေတ်ပြိုင်စီးပွားရေးနယ်ပယ်နဲ့ ရှေးခေတ်နန်းတွင်းမာယာတို့ကိုပါ စုံလင်စွာကြည့်ရမဲ့ Mini Series သစ်လေးတစ်ခုပါ။ ဒီစီးရီးလေးက Mini ဆိုပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က လုံးဝမပျင်းရဘဲ ရင်ခုန်စိတ်လှုပ်ရှားရမှာပါနော်။ ဇာတ်ဆောင်တွေအဖြစ် မမလှလှလေး Lu Yang Yang နဲ့ ခပ်ချောချောရှောင်ကောကောလေး Pan Yi Hong တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ခေတ်သစ်ကမ္ဘာက ဘဏ္ဍာရေးဆိုင်ရာပါရမီရှင်မလေး လီချင်းချင်းဟာ မထင်မှတ်ဘဲ ရှေးခေတ်ကာလဆီကို အချိန်ခရီးသွားခဲ့မိပြီး စစ်သူကြီးဖန်းယန်ရဲ့ဇနီးသည် ဖြစ်လာခဲ့ပါတယ်။ အေးအေးဆေးဆေးနဲ့ ငြိမ်းချမ်းတဲ့ဘဝလေးကိုပဲ ပိုင်ဆိုင်ချင်ခဲ့သူဖြစ်ပေမဲ့ သုံးနှစ်အကြာမှာတော့ လင်ယောက်ျားဖြစ်သူက လီမုယန်ဆိုတဲ့ အမြှောင်မယားလေးကို အိမ်ပေါ်ခေါ်လာခဲ့လို့ သူ့ခမျာ မထင်မှတ်ဘဲသစ္စာဖောက်ခံလိုက်ရပါတယ်။ ဒါ့ပြင် လျှို့ဝှက်ထားတဲ့ မိသားစုဆိုးတစ်ခုပေါ်ထွက်လာခဲ့ပြီး အမှန်တကယ်တော့ လီမုယန်ကမှ လီမိသားစုရဲ့သမီးအရင်းစစ်စစ် ဖြစ်နေခဲ့တာပါ။ အရာရာမှာ ဘက်ပေါင်းစုံက သစ္စာဖောက်ခြင်း ခံလိုက်ရပေမဲ့ လီချင်းချင်းကတော့ လုံးဝ စိတ်ဓာတ်မကျဘဲ တည်ငြိမ်စွာတုံ့ပြန်ခဲ့ပါတယ်။ တကယ်တော့ သူဟာ တိုင်းပြည်ရဲ့အင်အားအကြီးမားဆုံးသတင်းအချက်အလက်နဲ့ စီးပွားရေးကွန်ရက်ဖြစ်တဲ့ ဝမ်းရှီဆောင်ကို တိတ်တဆိတ်ထိန်းချုပ်ထားသူတစ်ယောက်ပါ။ လီချင်းချင်းဟာ ခေတ်သစ်ဘဏ္ဍာရေးကျွမ်းကျင်မှုပညာတွေကို အသုံးချပြီး အိမ်တွင်းရေးပြဿနာတွေကို ပါးနပ်စွာဖြေရှင်းခဲ့သလို ရက်စက်လှတဲ့အိမ်ရှေ့စံမင်းသားနဲ့လည်း ဉာဏ်ချင်းပြိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုနဲ့ နိုင်ငံရေးအရှုပ်အထွေးတစ်ခုချင်းစီကို သူ့ရဲ့ပါးနပ်ထက်မြက်မှုနဲ့ကျော်ဖြတ်ရင်း အဆုံးသတ်မှာတော့ ရှေးခေတ်စီးပွားရေး လောကကြီးတစ်ခုလုံးကို ပြောင်းလဲပစ်ကာ ကိုယ်ပိုင်အာဏာနဲ့ အောင်မြင်မှုလမ်းကြောင်းဆီကို ရဲရဲဝံဝံလျှောက်လှမ်းနိုင်ခဲ့ပါတော့တယ်။ ဒီ Short C-Drama လေးက Time-Travel အမျိုးအစားဖြစ်တာမို့လို့ ဇာတ်အိမ်က တကယ်ကိုကြည့်လို့ကောင်းပါတယ်။ မင်းသမီးကလည်း ယောက်ျားသစ္စာဖောက်တာကို ငိုယိုမနေဘဲ ကိုယ့်စီးပွားရေးအင်ပါယာနဲ့ကိုယ် အေးအေးဆေးဆေးလက်စားချေမဲ့ Powerhouse Female Lead ဖြစ်လို့ ကြည့်ရတာ အရမ်းကျေနပ်စရာကောင်းမဲ့အပြင် သစ္စာဖောက်ယောက်ျားဖန်းယန်နဲ့ မာယာများတဲ့ သမီးအရင်း လီမုယန်တို့ရဲ့အကွက်တွေကို တစ်ခုပြီးတစ်ခု ရိုက်ချိုးပြမဲ့ Face-slapping Vibe မျိုးတွေပါ အပြည့်ပါဝင်လို့ ရုပ်ရှင်ထဲ ကိုယ်တိုင်ဝင်တီးရသလိုကိုခံစားရမှာ အသေချာပါပဲနော်။ Total Episodes : 26 Quality : WEB-DL 1080p HEVC Format : mp4 Genres : Drama Runtime :15 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
26 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း