Saimdang, Memoir of Colors
Saimdang, Memoir of Colors (2017) အပိုင်း ( ၁ မှ ၂၈ ) စ/ဆုံး ဒီတစ်ခေါက်မှာတော့ မျက်မှောက်ခေတ်နဲ့ ဂျိုဆွန်းခေတ် ခေတ် ၂ ခေတ်ရဲ့ ဇာတ်ကြောင်းအပြိုင် ကြည့်ရတာကို နှစ်သက်ကြသူတွေ အကြိုက်တွေ့စေမဲ့ historical, mystery, melo drama အမျိုးအစား ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ပရိသတ်အချစ်တော် ချန်ဂင်မင်းသမီး Lee Young Ae, ဂျွန်စောအဖြစ် လူသိများတဲ့ မင်းသားကြီး Song Seung Ho, မင်းသမီး Oh Yoon A , Spooky in Love ထဲက မင်းသား Yang Se Jong နဲ့ Dear.M က မင်းသမီး Park Hye Soo တို့က အဓိက ပါဝင်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်း အနုပညာ သမိုင်းကထိက ဆောဂျီယွန်း(Lee Young Ae) ဟာ ပါမောက္ခရာထူးအတွက် ရည်ရွယ်ပြီး "အန်းဂယွန်းရဲ့ ဂွန်းဂန်း တောင်တန်း ပန်းချီကား" အကြောင်း သုတေသနစာတမ်းရေးသားဖို့ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အမျိုးသားဖြစ်သူက ငွေကြေးရာဇဝတ်မှုနဲ့ ထွက်ပြေးတိမ်းရှောင်သူ ဖြစ်သွားခဲ့သလို၊ ပန်းချီကားရဲ့ စစ်မှန်မှုကို ကျောင်းသားတစ်ယောက်ရဲ့ စိန်ခေါ်မှုအောက်မှာ မကာကွယ်နိုင်ခဲ့တာကြောင့် အလုပ်ကနေပါ ထုတ်ပယ်ခံလိုက်ရပြီး ဘဝတစ်ခုလုံး ပြိုလဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘဝရဲ့ အနိမ့်ပါးဆုံး အချိန်ရောက်နေတဲ့ ဂျီယွန်းဟာ ဂျိုဆွန်းခေတ်ရဲ့ နာမည်ကျော် အမျိုးသမီး ပန်းချီဆရာမကြီး ဆာအင်းဒန်းရဲ့ လျှို့ဝှက်ဒိုင်ယာရီစာအုပ်ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ ဒိုင်ယာရီထဲမှာ ပန်းချီကားရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့အတူ .. ဂျိုဆွန်းခေတ်က ကံကြမ္မာဆိုးတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဆာအင်းဒန်းရဲ့ နက်နဲတဲ့ ဘဝဇာတ်ကြောင်းတွေ ပေါ်ထွက်လာတဲ့အခါမှာတော့ .. Episodes: 28 Aired: Jan 26, 2017 - May 4, 2017 Aired On: Wednesday, Thursday Original Network: SBS Genres: Historical, Mystery, Romance, Melodrama
အပိုင်းများ
28 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း