ဇာတ်ကားများ ရွေးရန်

Treasure Lovers

2026ဇာတ်လမ်းတွဲ

"အလွမ်းသင့်ပင်လယ် နှင့် ချစ်ခြင်းဖွဲ့ကျွန်း" မိသားစု စီးပွားရေးလုပ်ငန်းကို ဆက်ခံဖို့ထက် ကမ္ဘာအနှံ့က ဆန်းကြယ်တဲ့ အရာတွေကို ရှာဖွေရတာကို ပိုမြတ်နိုးတဲ့ သူဌေးသမီးလေး "ဖလဲဝါ" ကတော့ အဘိုးဖြစ်သူ စီစဉ်ပေးတဲ့ မင်္ဂလာပွဲကနေ ထွက်ပြေးလာခဲ့ပြီး သူ့ရဲ့ စိတ်ထဲမှာ အမြဲစွဲထင်နေတဲ့ "ကြယ်တာရာပင်လယ်" ဆိုတဲ့ ပဟေဠိဆန်တဲ့ နေရာကို ရှာဖွေဖို့ ထွက်လာခဲ့ပါတယ်။ သူ့အဘိုးရဲ့တပည့်တွေ ဖမ်းဆီး​နေတဲ့ရန်က လွတ်အောင် သင်္ဘောတစ်စီးပေါ် ခိုးဝင် ပုန်းအောင်းရင်း မတရားစွပ်စွဲခံရပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သင်္ဘောကပ္ပတိန်ဟောင်း "ချလန်း" နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ ​သူ့ကို လှည့်ဖြားပြီး လိမ်ခေါ်လာတာလို့ အထင်လွဲပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပင်လယ်ထဲ ပြုတ်ကျ​ပြီး သတိရလာချိန်မှာတော့ သူသွားချင်နေတဲ့ကျွန်းပေါ်ကို ရောက်ရှိနေခဲ့ပါပြီ။ အဲဒီကျွန်းမှာဆက်နေဖို့အတွက် ဖလဲဝါက အတိတ်မေ့ချင်ဟန်ဆောင်လိုက်ပါ​​တော့တယ် ​လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ ကျွန်းမှာ အတိတ်မေ့ချင်ဟန်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ အတိတ်ဒဏ်ရာတွေပြည့်နေတဲ့ သင်္ဘောကပ္ပတိန်တို့ရဲ့ ပင်လယ်ပြာပြာ ကျွန်းလေးတစ်ကျွန်းနဲ့ စတင်ခဲ့တဲ့ မမျှော်လင့်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေ... အချစ်ကို မယုံကြည်တော့တဲ့ သူနဲ့ အချစ်ရေးကို ရှောင်ပြေးနေတဲ့ သူတို့နှစ်ယောက်ဟာ ကံကြမ္မာကြောင့် တစ်ကျွန်းတည်းမှာ ဆုံမိသွားတဲ့အခါ... သူတို့နှစ်ယောက်ရဲ့ အချစ်က ပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်မလား ဒါမှမဟုတ် ကျွန်းလေးက သူတို့ရဲ့နှလုံးသားကို နာကျင်စေမယ့် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ပေးမလားဆိုတာ... စွန့်စားမှုတွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် ကျွန်းထက်က အချစ်ဇာတ်လမ်းလေးကို အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ စောင့်မျှော်ကြည့်ရှုကြပါဦးရှင့်

အပိုင်းများ

17 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 17 အပိုင်း

ဇာတ်လမ်းအကြောင်း