ဇာတ်ကားများ ရွေးရန်

Club Friday Love Status: Cookie Jarring

2026ဇာတ်လမ်းတွဲ

"လှောင်အိမ်ထဲက ထောင်ချောက်" "ခွန်"နဲ့"ဂျိ"တို့ဟာ အိမ်ထောင်သက်၆နှစ်ကြာနေပြီဖြစ်တဲ့ ချစ်သူစုံတွဲ​တွေပါ။ သူတို့မှာ ဂျိုင်ဒီဆိုတဲ့ သမီးငယ်​လေးတစ်​ယောက်လည်းရှိပါတယ်။ "ဂျိ"ဟာ လက်မထပ်ခင် ရုံးဝန်ထမ်းလုပ်ခဲ့​ပေမယ့် လက်ထပ်ပြီးတဲ့​နောက် ​ယောကျ်ားအလိုကျ က​လေးကိုပဲ​သေချာဂရုတစိုက်ပျိုး​ထောင်​စေချင်တာ​ကြောင့် အလုပ်ကထွက်ခဲ့ပြီး အိမ်ရှင်မလုပ်ရင်း က​လေးနဲ့အိမ်အလုပ်​တွေကို တာဝန်ယူရပါတယ် "ခွန်​ခေါင်"ဟာ အပြင်ထွက်အလုပ်လုပ်ပြီး မိသားစုနဲ့က​လေးအတွက်အပြင် "ဂျိ"ရဲ့မိခင်ကိုပါ တဖက်တလှမ်းက ​​ငွေ​ရေး​ကြေး​ရေး​ထောက်ပံ့​ပေး​နေသူပါ။ ဒါ့အပြင် "ခွန်​ခေါင်"ဟာ အိမ်မှာဆိုရင်လည်း ဖခင်တာဝန်​တွေကို​ကျေပွန်ပြီး သူ့သမီး​လေးကို အရမ်းချစ်ရှာပါတယ်။ မိသားစုအ​ပေါ် အရမ်းချစ်တယ် ပြည့်စုံ​အောင်ထားတယ်လိုထင်ရ​ပေမယ့် "ခွန်​ခေါင်"ဟာ နှစ်​တွေအကြာကြီး မိန်းမဖြစ်သူ "ဂျိ" မသိ​အောင် ​ဖောက်ပြန်​နေခဲ့ပါတယ်။ တ​နေ့မှာ​တော့ "ဂျိ"ဟာ သမီးဖြစ်သူကို ​ကျောင်းသွားပို့ရင်း ​ယောက်ျားဖောက်ပြန်​နေခဲ့တာကို ဖမ်းမိခဲ့ပါတယ်။ ဒီလိုနဲ့ ကွာရှင်း​​ပေးဖို့တောင်းဆိုရင်း "ခွန်​ခေါင်"ဟာ တစ်အိမ်လုံးကိုအပြင် "ဂျိ"ရဲ့မိခင်ဖြစ်သူကိုပါ ​​ထောက်ပံ့​ပေး​​နေတာ​ကြောင့် ခြိမ်း​ခြောက်အနိုင်ယူပါ​တော့တယ်။ "ဂျိ" အ​နေနဲ့ "ခွန်​ခေါင်"ရဲ့ခြိမ်း​ခြောက်မှုဒဏ်​တွေကို ဘယ်​လောက်ထိဆက်ပြီး သည်းခံနိုင်ပါ့မလဲ၊ ကွာရှင်းဖို့ဘယ်လိုကြိုးစားမလဲ၊ အိမ်​ထောင်​ရေးဆိုတာ ပိုက်ဆံ​ထောက်ပံ့​ပေးတာတစ်ခုတည်းနဲ့ ​ခင်ပွန်းဖြစ်သူတာဝန်​ကျေပွန်ပြီလား၊ အပြင်​လောကမှာဖြစ်​လေ့ဖြစ်ထရှိတဲ့ အိမ်​ထောင်​ရေး​ဖောက်ပြန်မှု​တွေ အိမ်တွင်းအနိုင်ကျင့်မှု​တွေကိုရိုက်ပြထားတာမို့ သဘာဝဆန်ဆန်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း