Juliet & Juliet
"ဆူးပုံပေါ်က အချစ်လမ်း" GL ချစ်သူ ပရိသတ်ကြီးအတွက် ဒီနှစ်စက်တင်ဘာလမှာ အသစ်စက်စက်ထွက်ရှိလာမဲ့ ထိုင်း GL စီးရီးသစ်လေး "Juliet and Juliet" နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးဟာ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့ ဂန္ထဝင် "Romeo and Juliet" ဇာတ်လမ်းကို Girls' Love ဗားရှင်းအနေနဲ့ အသက်သွင်းထားတာပါ။ ခေါင်းဆောင်မင်းသမီးတွေအနေနဲ့ ထိုင်းအိုင်ဒေါမင်းသမီးချောလေးတွေဖြစ်တဲ့ MingMing (တိုခီယို) နဲ့ Nepjune (ဘလူး) တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... နယ်မြို့လေးတစ်ခုကကျောင်းကို ဘလူးဆိုတဲ့ ကောင်မလေး ပြောင်းရွှေ့လာရာကနေ စတင်ပါတယ်။ အဲဒီကျောင်းမှာပဲ ဘုနဲ့ဘောက်ပြောတတ်တဲ့ တိုခီယိုဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ပြီး အစမှာအဆင်မချောခဲ့တဲ့ သူတို့နှစ်ယောက်ကြားမှာ ဖြူစင်တဲ့ ပထမဆုံးအချစ်တွေ ရှင်သန်လာပါတော့တယ်။ ဒါပေမဲ့ "အချစ်စစ်မှန်ရင် ဖယောင်းလမ်းလို မဖြောင့်တန်းဘူး" ဆိုတဲ့အတိုင်းပါပဲ။ သူတိုနှစ်ယောက်လုံးက သာမန်ကောင်မလေးတွေ မဟုတ်ကြဘဲ ခေတ်အဆက်ဆက် သွေးကွဲပြီး ရန်ငြိုးတွေကြီးနေကြတဲ့ ဒေသတွင်း မာဖီးယားဂိုဏ်းကြီးနှစ်ခုရဲ့ အငယ်ဆုံးသမီးလေးတွေ ဖြစ်နေမှန်း မသိခဲ့ကြပါဘူး။ ချစ်မိသွားကြတဲ့ ကောင်မလေးနှစ်ယောက် သူတို့ရဲ့ နောက်ခံ မိသားစုရန်ငြိုးကြီးကို သိသွားတဲ့အခါ... မိသားစုအမွေခံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အချစ်စစ်ကြားမှာ ဘယ်အရာကို ရွေးချယ်ကြမလဲ... ရန်သူမျိုးနွယ်နှစ်ခုကြားက တားမြစ်ထားတဲ့ ဒီအချစ်ဇာတ်လမ်းလေးက Romeo and Juliet လိုပဲ အလွမ်းနဲ့ ဇာတ်သိမ်းသွားမလား၊ ဒါမှမဟုတ် ကံကြမ္မာကို အံတုပြီး ပေါင်းဖက်သွားကြမလား ဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာပါ။ GL Drama ကောင်းကောင်းလေးကိုမှ Vibe အလန်းစားနဲ့ ရင်တမမ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးလေးဖြစ်လို ခုပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း