ဇာတ်ကားများ ရွေးရန်

Kamen Rider MY-TH

2026ဇာတ်လမ်းတွဲ

အသစ်စက်စက် ထွက်ရှိထားတဲ့ Kamen Rider စီးရီးလေး ဖြစ်ပါတယ်။ ဒီ KR နာမည်က MY-TH ဖြစ်ပြီးတော့ မင်းသားကတော့ ကြွက်ကို ကိုယ်စားပြုတဲ့ Rider ဖြစ်ပြီး ကြောင်တွေရော 12 Zodiac အဖြစ် တခြားသောအကောင်တွေ ကိုယ်စားပြု Rider တွေလည်း ပါတာမို့ စုံစီနဖာ ရှယ်ပါပဲ။ ဒီထဲက ဇာတ်လမ်းလေးကတော့ အိမ်တော်ကြီးတစ်ခုမှာ ပျော်ပျော်နေတတ်တဲ့ မိန်းကလေး Yuna ရယ် အိမ်တော်ထိန်းဆိုပြီး အရွယ်မတိမ်းမယိမ်းကောင်လေး Sora Otosumi တို့ ၂ ယောက်သားဟာ Enigmatic (Fukashigi) ဆိုတဲ့ ထူးဆန်းတဲ့ မိစ္ဆာလူဆိုးတွေကို လိုက်လံရှာဖွေ စုံစမ်းပြီး Sora Otosumi က ကြွက်ကိုယ်စားပြု Rider အဖြစ် ပြောင်းပြီး လိုက်လံ ချေမှုန်းနေကြသူတွေပါ။ အဲဒီမှာတင် နှစ် ၁၀၀ လောက်ကြာလာလို့ ဟိုးအရင်တုန်းက ထူးထူးခြားခြား 12 Zodiac ထဲမပါတဲ့ ကြောင်ကိုယ်စားပြုက ခေါင်းဆောင်ပြီး လူသားတွေကို ကာကွယ်ပေးခဲ့ကြတဲ့ 12 Zodiac အဖွဲ့အစည်းဟာလည်း ပြန်လည်နိုးထလာပြီး ဒီအဖွဲ့နဲ့ Otosumi တို့ ၂ ယောက်လည်း ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ၊ အရင်တုန်းက ကြွက်နဲ့ကြောင်ဟာ ဘာဇာတ်လမ်းတွေရှိမလဲဆိုပြီး ဒီတစ်ခါကျ Driver ကို ခါးပတ်အနေနဲ့ မဟုတ်ပဲ ရင်မှာသိုင်းပြီး ကြက်ဥခွဲသလိုမျိုး Henshin လုပ်ကြတဲ့ Kamen Rider MY-TH ကို အပတ်စဉ် စောင့်မျှော်ကြည့်ရှုခံစားသွားရမှာပဲ ဖြစ်ပါတယ်ဗျာ...။

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း