Special Affairs Team TEN
Special Affairs Team TEN (2011) S1+S2 (စ/ဆုံး) "မဖော်ထုတ်နိုင်တဲ့ အမှုဆိုတာ လုံးဝမရှိစေရဘူး" တရားခံဖမ်းမိနိုင်ခြေ ၁၀ ရာခိုင်နှုန်းတောင် မသေချာတဲ့ တောင်ကိုရီးယားရဲ့ အဆိုးရွားဆုံး၊ အရှုပ်ထွေးဆုံး မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ "Special Affairs Team TEN" ဆိုတဲ့ အထူးစုံထောက်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတော့တယ်။ ပြစ်ချက်မရှိအောင် ကြံစည်ထားတဲ့ ကွင်းဆက်လူသတ်သမားတွေကို အမိဖမ်းဖို့ကတော့ သူတို့အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ပေါ့။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ယောဂျီဟွန်း (Joo Sang-wook) ကတော့ အတိတ်မှာ ဇနီးဖြစ်သူ အသတ်ခံခဲ့ရပြီးနောက် နာကျင်မှုတွေနဲ့အတူ စုံထောက်လောကထဲ ပြန်ခြေချလာတဲ့လူဖြစ်ပြီး ရာဇဝတ်ကောင်တွေရဲ့ အတွေးကို ထွင်းဖောက်မြင်နိုင်လွန်းလို့ သူ့ကို "ဘီလူးတွေကို အမဲလိုက်တဲ့ ဘီလူး" လို့တောင် တင်စားခြင်း ခံရသူပါ။ သူ့လက်အောက်မှာတော့ အတွေ့အကြုံရင့်ကျက်ပြီး အကဲခတ်တာ ထက်မြက်လွန်းတဲ့ စုံထောက်ကြီး ဘတ်ဒိုရှစ် (Kim Sang-ho)၊ တရားခံတွေရဲ့ စိတ်ကို ဖတ်ရတာ ကျွမ်းကျင်တဲ့ နမ်ယယ်ရီ (Jo An) နဲ့ အလုပ်ကြမ်းမှန်သမျှ မညည်းမညူ ရုန်းကန်ပေးရှာတဲ့ စုံထောက်ပေါက်စလေး ဘတ်မင်ဟို (Choi Woo-shik) တို့ လက်တွဲပါဝင်လာပါတယ်။ မတူညီတဲ့ နောက်ခံနဲ့ စွမ်းရည်ကိုယ်စီရှိတဲ့ သူတို့ ၄ ယောက် ပေါင်းစည်းပြီး ရှုပ်ထွေးနက်နဲတဲ့ လူသတ်မှုတွေကို ဘယ်လိုဉာဏ်ကစားပြီး ဖော်ထုတ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာမို့ Crime, Mystery နဲ့ Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေ သဘောကျစေမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အပိုင်းအနေနဲ့ Season 1 မှာ 9 ပိုင်း/ Season 2 မှာ 12 ပိုင်းပါဝင်ပြီး ဆက်တိုက် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ Aired: Nov 18, 2011 - Jan 13, 2012 Aired On: Friday Genres: Action, Crime, Thriller, Mystery, Psychological Episodes: S1-9/ S2-12 Original Network: OCN
အပိုင်းများ
21 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း