ဇာတ်ကားများ ရွေးရန်

Khom Khlang

2026ဇာတ်လမ်းတွဲ

ဖိင်(မ်) အဖြစ် Puinoon Warangsiri ဘူလန် အဖြစ် Bint Sireethorn ဇာတ်လမ်းအကျဉ်း ဘန်ကောက်က ဒုရဲအုပ်ဖြစ်တဲ့ ဖိင်(မ်) တစ်ယောက် ညီမဖြစ်သူ ဖတ်ကို မုဒိမ်းကျင့် နှိပ်စက်ပြီး သေစေခဲ့သူ ကရထင်ကို လိုက်လံဖမ်းဆီးရာမှ ကရထင်က မှော်ပညာတတ်ထားသူဖြစ်ပြီး မောင်လေးဖြစ်သူ ဖူပါ ထပ်မံထိခိုက်ခဲ့ရတယ် နာကျင်စရာဖြစ်ရပ်တွေနဲ့ စိတ်ဆင်းရဲနေတဲ့ ဖိင်(မ်)ကို ဖခင်ဖြစ်သူက မှော်ပညာတကယ်ရှိကြောင်းနဲ့ သူ့အလှည့်တုန်းက ဆရာတစ်ယောက်က ကျည်ဆန်ထုတ်ပေးမှ လူဆိုးတွေကို ပစ်နိုင်ကြောင်း ပြောခဲ့ပါတော့တယ် ဖိင်(မ်) တစ်ယောက် အဲဒီဆရာဆီသွားချင်ပေမဲ့ ဖခင်ဖြစ်သူက အဲဒီဆရာ ဆုံးပါးသွားပြီမို့ သမီးဖြစ်သူ နတ်ဆရာမဘူလန့်ဆီသာ လမ်းညွှန်ပေးခဲ့ပါတယ် မှော်အတတ်တွေအပေါ် ယုံကြည်မှု မရှိတဲ့ ဒုရဲအုပ် ဖိင်(မ်) တစ်ယောက် ဆရာမဘူလန်ဆီကို အထက်စီးကနေ အကူအညီတောင်းလာချိန် ဆရာမဘူလန်အနေနဲ့လည်း ဖိင်(မ်) က သူမရဲ့ဖခင် မှာထားခဲ့တဲ့ သူမရဲ့ကံကြမ္မာလက်တွဲဖော်မှန်းသိလာတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ မှော်အောက်လမ်းအတတ်တွေ ပေါတဲ့ ဖော့ဖရာခရိုင်မှာ ဒုရဲအုပ်တစ်ယောက် ဘေးကင်းနိုင်ပါ့မလား နတ်ဆရာမ ဘူလန့်အနေနဲ့ရော ကံကြမ္မာလက်တွဲဖော်လေးကို အဆုံးထိ ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ကြည့်ရှုကြရအောင်

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း