Abyss
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ စုံထောက်ဇာတ်အိမ်အမျိုးအစားစီးရီးလေးပါ။ စုံထောက်ဇာတ်အိမ်ကိုမှ ပဟေဠိတွေ၊ စိတ္တဇဆန်ဆန်လျှို့ဝှက်ချက်တွေကို အသည်းတယားယားဖြစ်ရင်း ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။ ဒီကားထဲမှာ ကိုကို Ren Jia Lun ကို စုံထောက်အဖြစ်မြင်တွေ့ရမှာဖြစ်သလို ကိုကိုနဲ့အတူတူ Qin Jun Jie ကလည်း တွဲဖက်သရုပ်ဆောင်ထားပေးပါတယ်။ ဇာတ်လမ်းအညွှန်း >>> ငြိမ်သက်အေးချမ်းလှပါတယ်ဆိုတဲ့ ရှေးရိုးစွဲ မြို့လေးရဲ့တည်ငြိမ်မှုဟာ ရှန်ယွမ်ဆိုတဲ့ အွန်လိုင်းဝတ္ထုတစ်ပုဒ်ကြောင့် အစိတ်စိတ်အမြွှာမြွှာပျက်စီးသွားခဲ့ရပါတယ်။ အဲဒီဝတ္ထုထဲက လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းအသွားအလာဟာ အတိတ်က အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတစ်ခုရဲ့အသေးစိတ်အချက်အလက်တွေနဲ့ ထပ်တူညီလွန်းနေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချက်အလက်တွေဟာ လူသတ်သမားနဲ့ရဲတပ်ဖွဲ့ကလွဲလို့ ဘယ်သူမှ မသိနိုင်တဲ့အကြောင်းအရာတွေ ဖြစ်နေပြန်ပါတယ်။ တရားမျှတမှုကိုမြတ်နိုးပြီး ရဲတပ်ဖွဲ့ထဲ အသစ်စက်စက်ရောက်ရှိလာတဲ့ စုံထောက်လီချန်းဟာ သံသယရှိသူများစွာနဲ့အတူ ရှုပ်ထွေးလှတဲ့ဉာဏ်စမ်းကစားပွဲကြီးထဲကို အဲအမှုကြောင့်ပဲ သက်ဆင်းခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လေးနက်လာတာနဲ့အမျှ မိသားစုမေတ္တာနဲ့ သစ္စာရှိလှတဲ့သူငယ်ချင်းသံယောဇဉ်တို့ကြားက လမ်းကြောင်းလွဲမှားခဲ့ကြတဲ့ဝမ်းနည်းဖွယ်ဇာတ်လမ်းဆိုးကြီးရဲ့အလွှာတွေကို တစ်လွှာပြီးတစ်လွှာ ခွာချပြနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ ကံကြမ္မာရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းကပဲ အချို့သူတွေအတွက် ပြစ်ဒဏ်က လွတ်မြောက်စေနိုင်သလို အချို့သူတွေအတွက်တော့ လွတ်မြောက်လို့မရနိုင်တဲ့ နက်ရှိုင်းသော အမှောင်တွင်းကြီးဆီရောက်ရှိသွားစေနိုင်ကြောင်း အလှပဆုံးပုံဖော်ပြထားတဲ့အပြင် မြို့ငယ်လေးတစ်ခုမှာ နှစ်ပေါင်းများစွာမြှုပ်နှံထားခဲ့တဲ့လျှို့ဝှက်ချက်ဆိုးကြီးတွေ ပြန်လည် ပေါ်ထွက်လာခဲ့တဲ့အကြောင်းကိုပါ အကွက်စေ့စေ့ရိုက်ကူးတင်ဆက်ပြထားလို့ ပရိသတ်တို့ အကြိုက်တွေ့ဦးမှာအမှန်ပါပဲနော်။
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း