Fix You, Fix Me
ဒီဇာတ်လမ်းမှာတော့လူတစ်ယောက်ရဲ့ စိတ်ကို ကုစားပေးဖို့ ဆေးဝါးတစ်မျိုးတည်းနဲ့ မလုံလောက်နိုင်ဘဲ နားလည်ပေးမှု၊ အားပေးမှုနှင့် မေတ္တာတရားတို့ကလည်း အရေးကြီးတဲ့ ကုစားမှုတစ်ခု ဖြစ်လာနိုင်ကြောင်းကို ဒီဇာတ်လမ်းက ဖော်ပြထားပါတယ်။ ရမ် ဟာ စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ စိတ်ကျန်းမာရေးကုသမှုခံယူနေရတဲ့ လူနာတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိခင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတာကြောင့် ရမ်ရဲ့စိတ်ထဲမှာ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေ ကျန်ရစ်နေခဲ့ပါတယ်။ အချိန်တွေ ဘယ်လောက်ပဲ ကြာသွားခဲ့ပါစေ၊ ငယ်ဘဝရဲ့ နာကျင်စရာအမှတ်တရတွေကတော့ ရမ်ကို အမြဲတမ်း ခြောက်လှန့်နှောင့်ယှက်နေဆဲပါပဲ။ စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်အဖြစ် အခြားသူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနေရပေမယ့်၊ သူကိုယ်တိုင်ကတော့ သူ့အတိတ်ရဲ့အမှောင်ထုထဲမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ရမ်ရဲ့မိခင်ကိုယ်တိုင်ကလည်း စိတ်ကျန်းမာရေးပြဿနာ ခံစားနေရသူတစ်ယောက် ဖြစ်ပါတယ် အခြားသူတွေရဲ့ နာကျင်မှုကို နားလည်ပေးနိုင်တဲ့ ရမ်တစ်ယောက်၊ ကိုယ့်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စွာကြည့်ရှုရအောင်.........
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း