ဇာတ်ကားများ ရွေးရန်

Last Seen

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Last Seen (2026) S1 ++++++++++++ အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲကတော့ Thriller နဲ့ Crime Mystery အမျိုးအစား သြစတြေးလျ မီနီစီးရီး အသစ်လေးပဲ ဖြစ်ပါတယ်။ စာရေးဆရာ Ryan David Jahn ရဲ့ နာမည်ကျော်ဝတ္ထု The Dispatcher ကို အခြေခံပြီး Apple TV ကနေ ထုတ်လုပ် တင်ဆက်ထားတာပါ။ ဒါရိုက်တာ Christian Schwochow က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Patrick Brammall, Brendan Cowell နဲ့ Maxine Peake တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်က သမီးလေး Maggie ပျောက်ဆုံးသွားပြီးကတည်းက ဘဝပျက်သွားတဲ့ ရဲအရာရှိဟောင်း Ian Ridley (Patrick Brammall) ဆီကနေ စတင်ပါတယ်။ အရက်စွဲနေတဲ့ ပြဿနာတွေကို ဖြတ်ပြီး အခုလက်ရှိမှာ အရေးပေါ်ဖုန်း လက်ခံဖြေကြားပေးတဲ့ ရဲတပ်ဖွဲ့ ဆက်သွယ်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူပါ။ တစ်နေ့မှာ တောထဲကနေ ကလေးတစ်ယောက်ရဲ့ အရိုးစုကို ရှာတွေ့ခဲ့ပေမဲ့ DNA စစ်ဆေးကြည့်တဲ့အခါ သူ့သမီးလေး မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဆီကနေ အရေးပေါ် အကူအညီတောင်းတဲ့ ဖုန်းဝင်လာတဲ့အခါ Ian တစ်ယောက် ဖုန်းထဲကအသံဟာ သူ့သမီးလေး Maggie ရဲ့ အသံဆိုတာ အသေအချာ ယုံကြည်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ Ian ဟာ လုပ်ထုံးလုပ်နည်းတွေရော သူ့အလုပ်ကိုပါ ပစ်ချပြီး ဖုန်းဆက်တဲ့ ကောင်မလေးကို လိုက်ရှာရင်း လျှို့ဝှက်ချက်တွေ၊ အန္တရာယ်များတဲ့ ရာဇဝတ်မှုတွေကြားထဲကို ရောက်သွားပါတော့တယ်။ သမီးဖြစ်သူကို ပြန်တွေ့ဖို့ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ အသက်အန္တရာယ်ကိုပါ ပမာမထားဘဲ အမှောင်လောကထဲကို ရဲရဲဝံ့ဝံ့ ဝင်ရောက်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ စွန့်စားခန်းကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပါ။ အပိုင်း ၆ ပိုင်းတည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာ တည်ဆောက်ထားလို့ မိသားစု အချစ်ကို အခြေခံထားတဲ့ မှုခင်း စုံစမ်းရေး ဇာတ်လမ်းကောင်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Size – 1.20GB / 577MB Quality –WEB-DL 1080p HEVC / 720p Episodes -  6 Eps Duration -  52m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Crime , Drama , Mystery

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း