Third Person
"အတိတ်ရဲ့ ပုစ္ဆာ" (၂၀၂၆) “ခရစ်”က လွန်ခဲ့တဲ့ လေးနှစ်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် သူမရဲ့ အတိတ်အမှတ်တရများကို ဆုံးရှုံးခဲ့ရပါတယ်။ မတော်တဆမှုနောက်ပိုင်းမှာ “ခရစ်”ကို အမြဲဂရုစိုက်ပေးပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်ပေးနေသူကတော့ “ခရစ်”ရဲ့ချစ်သူ “နာဒီယာ”ပဲ ဖြစ်ပါတယ်။ အတိတ်ကို မမှတ်မိတော့ပေမယ့် “နာဒီယာ”နဲ့အတူရှိနေတဲ့အတွက် “ခရစ်”ရဲ့ဘဝက နွေးထွေးပြီး ပျော်ရွှင်စရာကောင်းနေပါတယ်။ “ခရစ်”က သူမရဲ့အတိတ်ကို မမှတ်မိပေမယ့်လည်း “နာဒီယာ”ပြောသမျှကို ယုံကြည်ပြီး သူမနဲ့အတူ ဘဝသစ်တစ်ခုကို စတင်တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ “ဆန်း”ဆိုတဲ့ အမျိုးသမီးတစ်ဦးက “ခရစ်”ရဲ့ဘဝထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့တဲ့အခါ...... “ဆန်း”နဲ့ တွေ့ဆုံချိန်တိုင်း “ခရစ်”ရဲ့စိတ်ထဲမှာ ပျောက်ဆုံးနေတဲ့ အမှတ်တရအချို့က မရှင်းလင်းတဲ့ပုံရိပ်တွေအဖြစ် တဖြည်းဖြည်း ပြန်လည်ပေါ်လာခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ည၊ သွေးစွန်းနေတဲ့လက်တွေနဲ့ သူမရဲ့နားထဲမှာ ကြားနေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အော်ဟစ်သံတွေက “ခရစ်”ကို ပိုမိုစိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ “ဆန်း”ရဲ့ ရောက်ရှိလာမှုနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ဖုံးကွယ်နေမလဲ။ “နာဒီယာ”ပြောခဲ့သမျှကရော အမှန်တရားတွေလား.........“ခရစ်”ရဲ့ ပျောက်ဆုံးနေတဲ့အတိတ်ထဲမှာ ဘယ်လိုကြောက်မက်ဖွယ် အမှန်တရားတွေ ရှိနေမလဲ။ “ခရစ်”တစ်ယောက် ပျောက်ဆုံးနေတဲ့အတိတ်နဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုကြရအောင်…..
အပိုင်းများ
9 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း