ဇာတ်ကားများ ရွေးရန်

The Legend of Korra

2012ဇာတ်လမ်းတွဲအမှတ် 8.2/10

The Legend of Korra (2012) (S01 Ep 1 to 5) (Only On Bioscope) IMDB : 8.3 Rotten Tomatoes : 88% Genre : Animation / Action / Adventure The Legend of Korra ကတော့ ဒါရိုက်တာ Michael Dante DiMartino နဲ့ Bryan Konietzko တို့ဖန်တီးထားတဲ့ နာမည်ကျော် Avatar : The Last Airbender ဇာတ်လမ်းတွဲရဲ့ အပိုင်း ၅၂ ပိုင်းပါဝင်တဲ့ Sequel ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Avatar : The Last Airbender လိုမျိုးပဲ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ ဆုပေါင်း ၂၇ ဆုထိရခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒီဇာတ်လမ်းတွဲကိုတော့ The Last Airbender ထဲကလို ရှေးဟောင်းခေတ်မျိုးမဟုတ်တော့ပဲ ၁၉၂၀ ခုနှစ်၊ စက်မှုထွန်းကားတဲ့ အချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ မြို့ပြပုံစံတွေပြောင်းလဲသွားပြီး ကားတွေ၊ ဆိုင်ကယ်တွေ၊ မီးရထားတွေနဲ့ ပုံစံအသစ်တစ်ခုဖြစ်တည်လာခဲ့ပါပြီ။ မူလဇာတ်လမ်းတွဲက အာဗာတာ အန်း ကွယ်လွန်ပြီးတဲ့နောက်မှာ သူ့ရဲ့အမွေကိုဆက်ခံမယ့် အာဗာတာလေးတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။ သူကတော့ ရေမျိုးနွယ်စုက ကိုရာဆိုတဲ့ မိန်းကလေးဖြစ်ပြီး ငယ်ငယ်ကတည်းက ခေါင်းမာတဲ့ ကလေးမတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ စိတ်ကခပ်မြန်မြန်၊ ဒိုးဒိုးပေါက်ပေါက်၊ ခေါင်းမာတဲ့ ကလေးတစ်ယောက်ဖြစ်တာမလို့ မွေးကတည်းက ရေ၊ မြေ၊ မီး ဆိုတဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ကိုက်တဲ့ ဒြပ်သုံးပါးကို ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်ကိုလိုက်ပြီး ပျော့ပြောင်းတဲ့ လေ ကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ သူဟာ အာဗာတာအန်းရဲ့သားဖြစ်သူ ဆရာ တန်ဇင်းဆီမှာ လေဘန်ဒင်းကို သင်ယူဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ထင်ထားသလိုဖြစ်မလာခဲ့ပဲ ဆရာတန်ဇင်းက ကိုရာကို တပည့်အဖြစ်လက်မခံပဲ Republic City ကို အကြောင်းကိစ္စရှိလို့ ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းမာတဲ့ ကိုရာလေးဟာ ဆရာတန်ဇင်းမသိပဲ မြို့တော်ကို ခိုးလိုက်သွားခဲ့ပါတယ်။ အဲဒီမှာ မြို့ပြရဲ့ ရှုပ်ထွေးလှတဲ့ အကြောင်းအရာပေါင်းစုံကို ကိုရာတစ်ယောက် နဖူးတွေ့ဒူးတွေ့ တွေ့လာခဲ့ပါတယ်။ တစ်ဖက်မှာ အီကွဲလစ်လို့ခေါ်တဲ့ ဘန်ဒါတွေကို မုန်းတဲ့ ဂိုဏ်းတစ်ခုကလည်း မသိမသာကနေ သိသိသာသာကြီးထွားလာခဲ့ပါတယ်။ ဒီလိုနဲ့ ကိုရာတစ်ယောက် သူမတတ်မြောက်သေးတဲ့ လေဘန်ဒင်းကို သင်ယူရင်းနဲ့ အီကွဲလစ်တို့ရဲ့ ရန်က ကြီးသထက်ကြီးလာခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size… 300 MB Quality… BluRay 1080p Format… mp4 Duration…. 25m Genre ..... Animation / Action / Adventure Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

39 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း