ဇာတ်ကားများ ရွေးရန်

Crew Girl

2026ဇာတ်လမ်းတွဲအမှတ် 8.3/10

Crew Girlp [2026] S1 ++++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး IG မှာရော လူငယ်တွေကြားထဲမှာပါ လက်ရှိ Viral ဖြစ်နေတဲ့ စီးရီး.... The Summer I Turned Pretty နဲ့ My Life with the Walter Boys တို့လို ဇာတ်အိမ်ကောင်းပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမျိုးကို သဘောကျသူတွေ အကြိုက်ဖြစ်ပြီးတော့ ..Bet (2025) စီးရီးထဲက မင်းသမီးချော Miku Martineau အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချောတွေလည်းအများကြီးပါဝင်တဲ့ လူငယ်တွေအကြိုက် သုံးပွင့်ဆိုင်ကျောင်းသားအချစ်ဇာတ်လမ်း စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူကုံထံဘဝကနေ နေ့ချင်းညချင်း အောက်ခြေဘဝရောက်သွားပြီး ယောက်ျားလေးလှေလှော်အသင်းရဲ့ တစ်ဦးတည်းသော မိန်းကလေး ဦးဆောင်သူ (Coxswain) ဖြစ်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ‌ပေါ့ပေါ့ပါးပါး Teen Drama ဇာတ်လမ်းတွဲသစ်လေးပါ ။ အဖေဖြစ်သူရဲ့ ငွေကြေးလိမ်လည်မှုကြောင့် နာမည်ပျက်ပြီး မြို့သေးသေးလေးက ကျောင်းအသစ်ကို ပြောင်းလာခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် Teagan တစ်ယောက် စိန်ခေါ်မှုတွေ၊ အရှုပ်အထွေးတွေကြားထဲကနေ ယောက်ျားလေး လှေလှော်အသင်းကို အောင်မြင်အောင် ဘယ်လိုတွန်းတင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ အားကစားပြိုင်ပွဲတွေရဲ့ အားကျစရာ ဇွဲလုံ့လအပြင်၊ ကျောင်းတွင်းဒရာမာတွေနဲ့ အဖွဲ့ခေါင်းဆောင် Josh၊ ဒေသခံကောင်လေး Cam တို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုပါ ရင်ခုန် ခံစားရမှာမို့ Drama ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ခုပါပဲ။ လက်ရှိ Netflix မှာလည်း Global Top 1 ဖြစ်နေတဲ့အထိ အောင်မြင်နေတာဖြစ်လို့ မလွတ်တမ်း ကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ Size – 1.25GB / 677MB Quality –WEB-DL 1080p HEVC / 720p Episodes -  8 Eps Duration -  45m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Drama , Romance , Sport

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း