Royal Family
Royal Family (2011) အပိုင်း ( ၁ မှ ၁၈) စ/ဆုံး အာဏာနဲ့ ငွေကြေးတွေ ပြည့်နှက်နေတဲ့ သူဌေးမိသားစုတစ်ခုမှာ လူရာသွင်းခံရဖို့ဆိုရင် ကိုယ်တိုင်က ရက်စက်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဒီတစ်ခါမှာတော့ Kill Me, Heal Me တို့ The Devil Judge တို့ရဲ့ မင်းသားကြီး Ji Sung နဲ့ SKY Castle က မင်းသမီးကြီး Yeom Jung Ah တို့ ဦးဆောင်ပါဝင်ထားတဲ့ စီးရီးကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တောင်ကိုရီးယားရဲ့ ဩဇာအကြီးမားဆုံး JK လုပ်ငန်းစုရဲ့ မိသားစုထဲမှာ ၁၈ နှစ်တိုင်တိုင် နာမည်အရင်းနဲ့တောင် အခေါ်မခံရဘဲ K ဆိုတဲ့ နာမည်နဲ့ အရိပ်တစ်ခုလို အဖိနှိပ်ခံ၊ အရှက်ခွဲခံပြီး နေထိုင်ခဲ့ရတဲ့ ဂင်အင်ဆု (Yum Jung-ah) ဟာ ခင်ပွန်းဖြစ်သူ သေဆုံးသွားချိန်မှာ သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုပါ အသိမ်းခံရပြီး အိမ်ပေါ်ကပါ နှင်ချခံရဖို့ အခြေအနေဆိုက်လာပါတယ်။ ဒီအချိန်မှာပဲ သူ ငယ်စဉ်ကတည်းက နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးခဲ့တဲ့ ဟန်ဂျီဟွန်း (Ji Sung) ဆိုတဲ့ ရှေ့နေလေးက အင်ဆုကို ကာကွယ်ပေးဖို့အတွက် JK လုပ်ငန်းစုရဲ့ တရားဝင်ရှေ့နေအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ ဂျီဟွန်းရဲ့ အကူအညီနဲ့အတူ အင်ဆုတစ်ယောက် JK လုပ်ငန်းစုကို ပြန်လည်တိုက်ခိုက်ရင်း အဖိနှိပ်ခံဘဝကနေ အာဏာကို ဆုပ်ကိုင်မဲ့သူတစ်ယောက်အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အာဏာသိမ်းပွဲ ခရီးစဉ်မှာ မိသားစုတွင်းက အကွက်ချ လုပ်ကြံမှုတွေအပြင် သူတို့ကိုယ်တိုင်တောင် ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတဲ့ အတိတ်က အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေပါ တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါ... ဂျီဟွန်းတစ်ယောက် အင်ဆုရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို သိသွားချိန်မှာရော သူကို အရင်လို ဆက်လက် ယုံကြည်ကာကွယ်ပေးနိုင်ပါ့မလား .. အင်ဆုကရော သူ လိုချင်တဲ့ အာဏာရဲ့ထိပ်ဆုံးနေရာကို ရောက်အောင် တက်လှမ်းနိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ.. လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းကြားက အာဏာလုပွဲတွေ၊ သစ္စာဖောက်မှုတွေနဲ့ လူ့သဘာဝရဲ့ အမှောင်မိုက်ဆုံးဘက်ခြမ်းတွေကို အကြိတ်အနယ် ရှုစားရမဲ့ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် .. Episodes: 18 Aired: Mar 2, 2011 - Apr 28, 2011 Aired On: Wednesday, Thursday Original Network: MBC Genres: Thriller, Business, Drama
အပိုင်းများ
18 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း