ဇာတ်ကားများ ရွေးရန်

The Last Oath

2026ဇာတ်လမ်းတွဲ

သာမန်ချစ်ကြိုက်လက်စားချေတာတွေက ရိုးအီနေပြီဆိုရင် အခုညွှန်းပေးမဲ့ ဇွန်ဘီကပ်ဘေးနောက်ခံ ဂေးကားလေးကိုကြည့်သင့်ပါတယ်နော်။ ဒီဇာတ်လမ်းဟာ Zombie Apocalypse ကိုနောက်ခံထားပြီး Immunity Secret, Enemies to Lovers အမျိုးအစားဇာတ်လမ်းတွဲလေးပါ။ အဓိကဇာတ်ဆောင်တွေအဖြစ် Chen Liang နဲ့ Chen Ming Hao တို့က ကမ်မီမိမိသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> သေစေနိုင်တဲ့ ဇွန်ဘီဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပျက်စီးယိုယွင်းနေတဲ့ကမ္ဘာကြီးထဲမှာ လူသားထုဟာ ကာကွယ်ဆေးထုတ်လုပ်ဖန်တီးပေးမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ကမ္ဘာကြီးကို စိစစ်စိုးမိုးဖို့ကြိုးစားနေကြတဲ့ အကျင့်ပျက်ဓာတုဗေဒဆေးဝါးကော်ပိုရေးရှင်းကြီးနှစ်ခုရဲ့အာဏာလွန်ဆွဲပွဲကြား မြေစာပင်ဖြစ်ခဲ့ရပါတယ်။ ကောလိပ်ကျောင်းသားလေး လင်ကျိုင်ကတော့ ဒီကပ်ဘေးဆိုးကြီးကြောင့် မိဘနှစ်ပါးအပြင် အစ်ကိုဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီး ဘဝရဲ့အဆိုးရွားဆုံးရိုက်ခတ်မှုကို ခံခဲ့ရသူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ သူဟာ ဇွန်ဘီကိုက်ခံရမှုတွေကိုခံနိုင်ရည်ရှိတဲ့ ထူးခြားသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ကို အငမ်းမရလိုချင်နေတဲ့အဖွဲ့အစည်းတွေက အသည်းအသန်လိုက်လံဖမ်းဆီးခဲ့ပါတော့တယ်။ အဲဒီလိုလိုက်လံဖမ်းဆီးဖို့ တာဝန်ပေးခံထားရတဲ့ အထူးအေးဂျင့် အားလျဲ့ကို လင်ကျိုင်က အမှတ်မထင်ကယ်တင်လိုက်မိရာကနေ သူတို့နှစ်ဦးကြားမှာ သံယောဇဉ်တံတားလေး စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ရက်စက်လှတဲ့ကမ္ဘာပျက်ကြီးထဲမှာ ကွဲပြားခြားနားလှတဲ့သစ္စာတရားတွေနဲ့အန္တရာယ်တွေကို အတူတကွရင်ဆိုင်ရင်း သူတို့ရဲ့အချစ်ကို အဆုံးစွန်ထိစိန်ခေါ်မဲ့ မဖြစ်နိုင်တဲ့ရွေးချယ်မှုတွေကို ပြုလုပ်ခဲ့ရပါတော့တယ်။ ဇွန်ဘီတွေပြည့်နှက်နေတဲ့ကမ္ဘာပျက်ကပ်မှာ ဆေးဝါးကုမ္ပဏီကြီးတွေရဲ့အာဏာလွန်ဆွဲပွဲကြောင့် ကြည့်ရတာ Action နဲ့ Sci-Fi Vibe အပြည့်ရစေမဲ့အပြင် ရန်သူကနေ ချစ်သူဖြစ်လာမဲ့ Tension ကလိကလိတွေကိုပါ ခံစားရမှာမို့ ဂေးကားဖန်တို့အတွက် စီးရီးကောင်းလေးတစ်ခုပါပဲဗျို့။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Life, Drama Runtime :20 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း