ဇာတ်ကားများ ရွေးရန်

Live Forever

2026ဇာတ်လမ်းတွဲ

ဒီတစ်ခေါက် သာ့ကျားတို့ကြည့်ရမဲ့ဇာတ်လမ်းလေးကတော့ အချိန်စီးကြောင်းထဲမှာ ထာဝရပိတ်မိနေတဲ့ဇာတ်အိမ်အမျိုးအစားလေးပါ။ ဒီဇာတ်လမ်းဟာ နှစ်ပေါင်းသုံးထောင်တိုင်တိုင် ရှည်လျားလှတဲ့အချိန်ကာလတွေကို ကျော်လွန်ပြီး ခိုင်မြဲခဲ့ကြတဲ့ နက်ရှိုင်းလှတဲ့သံယောဇဉ်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ အဓိကဇာတ်ဆောင်တွေအဖြစ် Zhan Zhao Adventures နဲ့ Whispers of Fate မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ Fang Yi Lun နဲ့အတူ Xie Ke Yin၊ Yao Chi တို့က ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ပြီးဆုံးခြင်းမရှိတဲ့အချိန်စီးကြောင်းကြီးထဲမှာ နျန်ချန်းယွဲ့နဲ့စုန့်ယီချိုးတို့နှစ်ဦးဟာ ဘဝရဲ့အပြောင်းအလဲများစွာကို အတူတကွရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီး တစ်ယောက်အတွက်တစ်ယောက် အစားထိုးလို့မရနိုင်တဲ့ တစ်ခုတည်းသောလမ်းပြကြယ်အလင်းရောင်လေး ဖြစ်လာခဲ့ကြပါတယ်။ ခေတ်သစ်ကာလဆီ ရောက်ရှိလာခဲ့ချိန်မှာတော့ သူတို့နှစ်ဦးဟာ ထာဝရဆိုတဲ့အရာရဲ့အဓိပ္ပာယ်အမှန်ကို ပြန်လည်ဆန်းစစ်စိစစ်လာခဲ့ကြပါတယ်။ ရင်ထဲက ငြိမ်းချမ်းမှုကိုရှာဖွေရင်း ရှည်လျားလှတဲ့နှစ်ပရိစ္ဆေဒတွေအောက်မှာ မြှုပ်နှံထားခဲ့ရတဲ့အတိတ်ကာလနဲ့ အဆုံးမသတ်နိုင်သေးတဲ့သံယောဇဉ်ကြိုးမျှင်လေးဟာ တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့ပါတော့တယ်။ အတိတ်သမိုင်းရဲ့ရိုက်ခတ်မှုတွေနဲ့ ပစ္စုပ္ပန်ရဲ့ရိုက်ခတ်မှုတွေကြားမှာ သူတို့နှစ်ဦးဟာ အချစ်နဲ့ကံကြမ္မာအတွက် နောက်ဆုံးသောရွေးချယ်မှုတစ်ခုကို ပြုလုပ်ကြရမှာဖြစ်ပြီး အချိန်ကာလ၊ သူတို့ကိုယ်တိုင်တို့နဲ့အတူ ခမ်းနားလှတဲ့နှုတ်ဆက်စကားလုံးတွေကို အဆုံးသတ်ရေးထိုးသွားရမှာပါ။ ဒီစီးရီးက သေခြင်းတရားကိုကျော်လွန်ပြီး နှစ် ၃၀၀၀ တိုင်တိုင်ချစ်ခဲ့ကြတဲ့ Romance Vibe ဖြစ်လို့ Xianxia နဲ့ Modern Fantasy ကြိုက်သူတွေအတွက် နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်းခံစားရစေမယ့် Storyline မျိုးမို့ ကြည့်ရတာ အတော်လေးလည်းစိတ်ဝင်စားစရာကောင်းမှာပါ သာ့ကျားတို့ရေ။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Life, Drama Runtime :20 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း