Delusion
"ယောင်မှားခြင်းရဲ့ တိမ်ရိပ်" "အမှန်တရားနဲ့ နီးကပ်လာလေလေ... ကိုယ့်မိသားစုလို သတ်မှတ်ထားတဲ့ အနီးကပ်ဆုံးလူတွေက ပိုပြီး စိမ်းသက်လာလေလေပါပဲ" Horror Thriller vibe အပြည့်ခံစားရစေမဲ့ နက်ဖုလစ် Org ထိုင်း Drama ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချင်းခန်ဆိုတဲ့ တိတ်ဆိတ်တဲ့နယ်မြို့လေးမှာ ကလေးတစ်ယောက် ပျောက်ဆုံးသွားရာကနေ မြို့ခံတွေ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဖုံးကွယ်မေ့ဖျောက်ထားခဲ့တဲ့ အရာတစ်ခု ပြန်လည်နိုးထလာပါတော့တယ်။ ကြောက်ရွံ့မှုတွေ ကြီးစိုးလာတာနဲ့အမျှ "Phii Pong" ဆိုတဲ့ ရှေးဟောင်း ဒဏ္ဍာရီကလည်း ပြန်လည်ခေါင်းထောင်လာခဲ့ပါတယ်။ မြို့ခံတွေက ဒီကိစ္စအတွက် တရားခံရှာကြရင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ ခံစားနေရတဲ့ အဘိုးအို နာရုန် အပေါ် သံသယဝင်လာကြပါတယ်။ သူ့ရဲ့ဆိုးရွားလာတဲ့ ရောဂါအခြေအနေကြောင့် သူ့ကိုယ်သူတောင် မကာကွယ်နိုင်သလို မိသားစုဝင်တွေတောင် သံသယပွေလာတဲ့အခြေအနေမှာ နာရုန်တစ်ယောက် ကူရာကယ်ရာမဲ့ ဖြစ်နေတဲ့အတွက် နယ်ကျောင်းဆရာမလေးဖြစ်တဲ့ သမီးဖြစ်သူ ဝမ်လည်း ဝင်ပါရဖို့ ဖြစ်လာတော့တာပေါ့။ မြို့ခံတွေရဲ့ ကောလာဟလတွေကို ရင်ဆိုင်ပြီး သူ့အဖေဟာ ဂရုစိုက်မှုလိုအပ်နေတဲ့ လူမမာတစ်ယောက်သာဖြစ်ပြီး မြို့ခံတွေစွပ်စွဲနေတဲ့ ဘီလူးသဘက် မဟုတ်ကြောင်း သက်သေပြဖို့ ဝမ်တစ်ယောက် အပြင်းအထန် စုံစမ်းပါတော့တယ်။ ဒါပေမဲ့ သူရှာဖွေတွေ့ရှိလာတဲ့ အဖြေတိုင်းက မေးခွန်းတွေ ပိုထွက်လာစေပြီး၊ အမှန်တရားနဲ့ နီးကပ်လာလေလေ သူ့ရဲ့ မိသားစုလို့ ခေါ်ဆိုရမဲ့ အနီးကပ်ဆုံးလူတွေကို ပိုပြီး စိမ်းသက်လာလေလေ ဖြစ်လာတဲ့အခါ... Dark Rumor တွေကြားထဲကနေ ပဟေဠိဆန်ဆန် အမှန်တရားကို ရင်တမမနဲ့ လိုက်လံရှာဖွေရမဲ့ ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်သူတွေအတွက် Binge watch ဖို့ အလန်းဇယားဇာတ်လမ်းတွဲလေး ဖြစ်လာမှာပါ။
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း